Powered by Blogger.

Help သင်္ကေတကို ထန်းလက်တွေနဲ့ ပြုလုပ်ပြီး အကူအညီတောင်းခံခဲ့တဲ့လူတွေကို ဝေးလံတဲ့ ပစိဖိတ်ကျွန်းတစ်ကျွန်းကနေ ကယ်ဆယ်ခဲ့ရ



US ကမ်းရိုးတန်း လှည့်ကင်းဟာ ထန်းလက်တွေနဲ့ပြုလုပ်ထားတာတဲ့ ဒုက္ခရောက်နေတဲ့ အကူအညီ သင်္ကေတကို သတိထားမိတဲ့နောက်မှာ ပစိဖိတ် သမုဒ္ဒရာထဲက ဝေးလံတဲ့ ကျွန်းတစ်ကျွန်းကနေ လူ၃ဦးကို ကယ်ဆယ်ခဲ့ရပါတယ်။
ကျွန်းပေါ်မှာ ၃ရက်လောက် နေခဲ့ရတဲ့နောက်မှာ   အမျိုးသား ၃ဦးဟာ ကယ်ဆယ်သူတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိခဲ့ပါတယ်။အမျိုးသား ၃ဦးဟာ helpလို့ပုံဖော်ထားတဲ့ သင်္ကေတရဲ့ ဘေးမှာ ရပ်နေရင်း သူတို့ရဲ့ အသက်ကယ် အင်္ကျီတွေကို ထိတ်ထိတ်ပျာပျာ ဝှေ့ယမ်းပြီး အကူအညီတောင်းခံခဲ့ပါတယ်။
အဆိုပါ အမျိုးသား ၃ဦးဟာ April ၄ရက်နေ့က သဘောင်္ပျက်တဲ့အထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး မိုက်ခရိုနီးရှား (Micronisia)ဒေသရဲ့ လူပြတ်တဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဖာနာဒစ်ကျွန်း(Fanadik Island)ကို ရောက်ဖို့
 လေးမိုင်လောက် ကူးခတ်ခဲ့ရတယ်လို့ဆိုပါတယ်။
သူတို့ရဲ့ မိသားစုတွေကိုတော့ သူတို့ဘယ်မှာလဲဆိုတာ အကြောင်းကြားခဲ့ပြီး Guamကကယ်ဆယ်သူတွေက ပူလပ် (Pulap)ကို လှေငယ်တစ်စင်းနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ ငြင်းပယ်ဖို့မရှိတဲ့ ပေါင်းစပ်အင်အားတွေက  အကူအညီပေးပြီး ဝေးကွာတဲ့ ကျွန်းက လူ ၃ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်”လို့ Guam ဒေသရဲ့ အရာရှိ Lt.William Whiteကဆိုခဲ့ပါတယ်။
(Beauty Syh)
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref;UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment