Powered by Blogger.

ကယ်လီဖိုးနီးယားအလယ်တန်းကျောင်းတစ်ကျောင်းမှာ ချိုချဉ်ပုံစံ ပြုလုပ်ထားတဲ့ စိတ်ကြွဆေးတွေ ရှာဖွေတွေ့ရှိ


ကယ်လီဖိုးနီးယားရှိ အလယ်တန်းကျောင်းတစ်ကျောင်းမှာ ကျောင်းဝန်းအတွင်း ချိုချဉ်ပုံစံပြုလုပ်ထားတဲ့ စိတ်ကြွဆေးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

Ione အလယ်တန်းကျောင်းရှိ ကျောင်းသားလေးတစ်ဦးဆီမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း ဆေးဝါးတွေကို ဖမ်းဆီးသိမ်းဆည်းထားတဲ့ ကျောင်းအုပ်ချုပ်ရေးအကြီးအကဲက ပြောကြားခဲ့တာဖြစ်ကြောင်း Ione ရဲဌာနမှ ရဲမှူးကြီး Tracy Busby က KXTV သတင်းဌာနကိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

 “ ကျောင်းတွေမှာ ဒီလိုအလွဲသုံးစားမှုတွေ ရှိနေသေးသလားဆိုတာကို ကျွန်တော်တို့ ဆက်လက်စစ်ဆေး စုံစမ်းသွားမှာဖြစ်ပါတယ် “ လို့ Busby က ဆိုပါတယ်။

ဒီဆေးလုံးတွေကို ချိုချဉ်ရဲ့ အပေါ်ယံ ရောင်စုံသကြားရည်နဲ့ အုပ်ထားတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment