Powered by Blogger.

၁၅ ပေအရှည်ရှိတဲ့ မိကျောင်းကြီးကို ဖလော်ရီဒါမှ မုဆိုးများ ဖမ်းဆီးရရှိ


ဖလော်ရီဒါက မုဆိုး တစ်ဖွဲ့ဟာ ၁၅ ပေ အရှည်ရှိတဲ့ မိကျောင်းကြီးကို ဖမ်းဆီးရရှိခဲ့ကြပါတယ်။

ဖေ့စ်ဘွတ်စာမျက်နှာမှာ မိကျောင်းကြီးတစ်ကောင်ပုံနဲ့တကွ ဖမ်းမိသမျှထဲမှာ အကြီးဆုံးမိကျောင်းကြီးပါပဲလို့ ခေါင်းစဉ်ရေးသား ဖော်ပြထားပါတယ်။

ဒီမိကျောင်းကြီးဟာ ပေါင်ချိန် ၈၀၀ နီးပါး အလေးချိန်ရှိတယ်လို့ Fox 13 News ကို မုဆိုးတွေက ဖြေကြားထားပါတယ်။

 “ ဒီမိကျောင်းကြီးက ကျွန်တော်တို့ မွေးမြူရေးခြံထဲက အကောင်တွေကို ရေဆင်းသောက်တဲ့အချိန်တွေမှာ ချောင်းမြောင်းစားသောက်နေတာကြောင့် ခုလိုဖမ်းဆီးလိုက်ရတာပါ “ လို့ သူတို့က ဆိုပါတယ်။

သူတို့ရဲ့အစီစဉ်ကတော့ မိကျောင်းကြီးကို ပရဟိတရန်ပုံငွေအဖွဲ့အတွက် လှူဒါန်းမှာဖြစ်ပါသတဲ့။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment