Powered by Blogger.

လည်ပင်းမှာ ချွန်ထက်တဲ့ ဒဏ်ရာတွေနဲ့ ကျောင်းသူတစ်ဦးသေဆုံးနေတာကို တွေ့ရှိခဲ့



ကံဆိုးခဲ့တဲ့ ကျောင်းသူ Paige Doherty ဟာ လည်ပင်းမှာ ချွန်ထက်တဲ့ ပြင်းထန်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပြီး သူမရဲ့ ခန္ဓာကိုယ်ကို လမ်းရဲ့ဘေးဘက်မှာတွေ့ခဲ့ရပါတယ်။

အသက် ၁၅နှစ်အရွယ် ကျောင်းသူရဲ့ ကျောင်းအောင်လက်မှတ်ကိုတော့ သူမရဲ့သေဆုံးမှုကြောင့် စာရင်းပိတ်ခဲ့ပြီး သူမကို မတ်လ ၂၁ရက်နေ့၁၂း၅၃ မှာရှာဖွေ့တွေ့ရှိခဲ့ပါတယ်။

သူမအလုပ်လုပ်နေကြ ဆံပင်ညှပ်ဆိုင်ကို စနေနေ့က လာရောက်ဖို့ ပျက်ကွက်ခဲ့ပြီးနောက် မတ်လ ၁၉ရက်နေ့မှာ  သူမပျောက်ဆုံးနေတယ်လို့ တိုင်ကြားခဲ့တဲ့အတွက်  Clydebankမှာနေထိုင်တဲ့ Paigeကိုရှာဖို့ ပြုလုပ်ခဲ့ကြပါတယ်။

နောက်နှစ်ရက်အကြာမှာတော့ သူမရဲ့ အလောင်းကို  Clydebankနဲ့Glasglowကို ဆက်သွယ်ထားပြီး အရမ်းရှုပ်ထွေးတဲ့
Great Western Roadရဲ့ လမ်းဘးက ချုံပုတ်ထဲမှာ တွေ့ရှိခဲ့ပါတယ်။

အသက် ၃၁နှစ်အရွယ် Clydebankမှာနေထိုင်တဲ့ John Leathemဟာ သူမကို သတ်ခဲ့တဲ့အမှုအတွက် တရားရုံးမှာ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
Paigeရဲ့သေဆုံးမှုကို သူမရဲ့ပထွေးဖြစ်သူ Andrew Munroက Clydebank မှတ်ပုံတင်ရုံးမှာ စာရင်းသွင်းခဲ့ပါတယ်။

သေဆုံးမှုရဲ့အဓိက အကြောင်းရင်းကတော့ လည်ပင်းက ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်လို့ the Daily Recordက ဆိုပါတယ်။

Paigeအတွက် ရည်စူးပြီး အောက်မေ့ဖွယ်လမ်းလျှောက်ခြင်း အခမ်းအနား ကျင်းပခဲ့တဲ့ စနေနေ့မှာတော့ ရာနဲ့ချီတဲ့ အသုဘပို့ဆောင်သူတွေဟာ ပန်းရောင်အ၀တ်အစားတွေ ၀တ်ဆင်ခဲ့ကြပြီး အသည်းပုံ ပုံစံပူဖောင်းတွေကို သယ်ဆောင်ခဲ့ကြပါတယ်။

သူမရဲ့အလောင်းကိုတွေ့ခဲ့တဲ့ နေရာမှာတော့ ဆုတောင်းခဲ့ကြပြီး အဆိုပါ ပွဲကို စီစဉ်တဲ့ မိန်းကလေးတွေက  အသည်းပုံ ပူဖောင်းတွေကို ကောင်းကင်ပေါ်ကို လွှတ်တင်ခဲ့တယ်လို့ဆိုပါတယ်။

ကျောင်းသူလေးရဲ့ သူငယ်ချင်းတွေ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေ အပါအ၀င် လူ၄၀၀လောက် လမ်းလျှောက်မှုမှာ ပါဝင်ခဲ့တယ် လို့ဆိုပါတယ်။လမ်းလျှောက်ခြင်းကို အမှတ်တရအနေနဲ့သူမအလောင်းကို တွေ့တဲ့နေရာမှာပဲ ရပ်တန့်ခဲ့ကြပါတယ်။

ယူကျုံးမရဖြစ်နေတဲ့အသက် ၃၃နှစ်အရွယ် သူမရဲ့မိခင် Pamela Munroနဲ့အသက် ၃၂အရွယ် ပထွေးဖြစ်သူ Andrew Munroတို့ဟာ ပြီးခဲ့တဲ့အပတ်က Auchinairn Tavernမှာရှိတဲ့ ရန်ပုံငွေ မြှင့်တင်ရေးပွဲကို တက်ရောက်နေခဲ့တာဖြစ်ပါတယ်။

နာမည်ကျော်တွေဖြစ်တဲ့ ပထမ ၀န်ကြီး Nicola Sturgeonနဲ့ သရုပ်ဆောင် မင်းသမီး Kym Marshတို့ဟာ Paigeကို ဂုဏ်ပြုဖို့အတွက် သူတိုရဲ့ နှုတ်ခမ်းစူနေတဲ့ပုံတွေကို  တင်ခဲ့ကြပါတယ်။

  Leathem ဟာ  Dumbartonငြိမ်ဝပ်ပိပြားရေး တရားရုံးမှာ ပြုလုပ်ခဲ့တဲ့  ကြားနာမှုမှာ လျှောက်လဲချက်တစ်စုံတစ်ရာမှ မပြုလုပ်ခဲ့ပါဘူး။Leathemကို တရားရုံးဝက်ခြံထဲမှာ ပထမမြင်တွေ့ခဲ့ရပြီး တစ်ပတ်လောက်အကြာ ကြားနာမှုအပြီးမှာ အချုပ်ရမန်ရယူခဲ့ပါတယ်။
The Crown Officeကတော့ Leathemရဲ့ နောက်ထပ် ရက်ချိန်းက ဘယ်တော့ဖြစ်မလဲဆိုတာ ယခုထိ မသိရသေးဘူးလို့ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment