Powered by Blogger.

တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတွေအတွက် မျောက်လွှဲကျော်က သရဲအဖြစ်သရုပ်ဆောင်



England ရှိ Twycross တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတွေအား ဖျော်ဖြေတင်ဆက်တဲ့အနေနဲ့ မျောက်လွှဲကျော်တစ်ကောင်ဟာ အဖြူရောင်ပိတ်စရှည်ကြီးကို ခြုံရုံပြီး သရဲတစ်ကောင်အသွင် သရုပ်ဆောင်ခဲ့ပါသတဲ့။

ပရိသတ်တွေက အဖြူရောင်ပိတ်စရှည်ကြီးကို ခြုံပြီးတွဲလောင်းခိုနေတဲ့ မျောက်လွှဲကျော်ရဲ့ လှုပ်ရှားမှုတွေကို ဗီဒီယိုရိုက်ကူးထားခဲ့ကြပါတယ်။
ဝါယာကြိုးတွေပေါ်မှာ မျောက်ကလေးဟာ ဘက်ညီအောင် ထိန်းညှိပြီး လည်ပတ်သူတွေရဲ့ အနီးဆုံးနေရာဖြစ်တဲ့ မှန်အကာထိကို လာရောက်ပြသတာကို တွေ့ရမှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း Barcelona က တိရိစ္ဆာန်ရုံတစ်ခုမှာလည်း ခွက်ထဲက ချယ်ရီသီးလေးပျောက်သွားတဲ့ မျက်လှည့်ကို အားရပါးရရယ်မော သဘောကျနေတဲ့ မျောက်လွှဲကျော်တစ်ကောင်အကြောင်းလည်း ဖော်ပြခဲ့ဖူးပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment