Powered by Blogger.

သကြားမပါတဲ့ ပီကေတွေက ခွေးတွေကို သေဆုံးစေနိုင်


ခွေးချစ်သူတွေအတွက် သတိထားစရာပါ။ သကြားမပါဘူးဆိုတဲ့ ပီကေတွေဟာ ကိုယ့်ရဲ့ချစ်စရာခွေးလေးတွေအတွက် မကောင်းပါဘူးတဲ့။ အမှန်အတိုင်းပြောရရင်တော့ သေတောင်သေစေနိုင်ပါတယ်။

Xylitol လို့ခေါ်တဲ့ သကြားအစား အချိုဓါတ်ရစေတဲ့ ပစ္စည်းဟာ သကြားမပါတဲ့ ပီကေတွေမှာ ပါဝင်ပြီး ဒါဟာ ခွေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း U.S. Food and Drug Administration က သတိပေးထုတ်ပြန်ထားပါတယ်။

 FDA ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သကြားမဲ့ချိုချဉ်၊ ခံတွင်းနံ့သင့်ပူရှိန်းလုံးများ၊ မုန့်ဖုန်အစားအစာများ၊ ၀ါးစားလို့ရတဲ့ ဗီတာမင်ဆေးလုံးများ၊ ခံတွင်းသန့်ဆေးရည်၊ သွားတိုက်ဆေး စတဲ့ စားသုံးကုန်ပစ္စည်းများစွာပါဝင်တတ်တဲ့ Xylitol ဟာ ခွေးတွေအတွက် အဆိပ်အတောက်ဖြစ်စေနိုင်ကြောင်း အစီရင်ခံစာများစွာ လက်ခံရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

 “ ကိုယ့်ရဲ့ အိမ်မွေးခွေးလေး Xylitol ပါဝင်တဲ့ အစားအစာ စားမိမှာစိတ်ပူတယ်ဆိုရင် အစာမကျွေးခင် ပါဝင်ပစ္စည်းတွေကို ဖတ်ရှုသင့်ပါတယ်။ တကယ်ပါဝင်နေပြီဆိုရင်တော့ ဒီအစာမျိုးကို ကိုယ့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကျွေးလို့မဖြစ်ပါဘူး “ လို့ FDA တိရိစ္ဆာန်ကုသရေး ဆရာဝန် Martine Hartogensis က ရှင်းလင်းပြောပြထားပါတယ်။

Xylitol ဟာ လူတွေအတွက် အန္တရာယ်မဖြစ်စေပေမယ့် ခွေးတွေရဲ့အစားခြေစနစ်ပုံစံတွေက လူတွေနဲ့မတူညီပါ။ ခွေးတွေဟာ အစာကို မြန်မြန်ဆန်ဆန် စုပ်ယူတတ်ကြပြီး သူတို့ရဲ့ အင်ဆူလင် ထိုးကျသွားစေနိုင်ပြီး သွေးတွင်းသကြားဓါတ်ကို အန္တရာယ်ဖြစ်စေနိုင်လောက်အောင် လျော့ကျစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါဟာ ကုသမှုမပြုလုပ်ဘူးဆိုရင် အသက်အန္တရာယ်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ကြောင်တွေအတွက်ကရောလို့ မေးခွန်းထုတ်ကြပါတယ်။ FDA အဆိုအရ ကြောင်တွေဟာ အချိုမကြိုက်တတ်ကြတဲ့အတွက် Xylitol ဟာ သူတို့အတွက်တော့ အဓိကအန္တရာယ် မပေးနိုင်ဘူလို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment