Powered by Blogger.

"Daddy Dance" သင်တန်းမှာ ဖေဖေတွေက ဘေဘီလေးတွေနဲ့အတူတွဲက


ဖေဖေတွေ အဖွဲ့တစ်ဖွဲ့ဟာ မေမေတွေအစား ဘေဘီလေးတွေကို ခေါ်ပြီး အကကဖို့ California က အကစတူဒီယိုတစ်ခုမှ လူစုခဲ့ကြပါတယ်။

California ရှိ GroovaRoo Dance က သူတို့ရဲ့ "Mommy Mingle, Daddy Dance" သင်တန်းချိန်မှာ ဖေဖေတွေနဲ့ သူတို့ရဲ့ဘေဘီလေးတွေက Wild Cherry ရဲ့ “ Play That Funky Music “  သီချင်းနဲ့ အကကျင့်ခဲ့ကြတာကို ဗီဒီယိုရိုက်ကူးပြီး ဖော်ပြထားခဲ့တာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတော့ အဖေဖြစ်သူတွေက ကလေးငယ်လေးတွေကို Baby Carrier နဲ့ သယ်ပိုးထားကြပြီး သီချင်းတေးသွားနဲ့အတူ ကနေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

 “ ဖခင်တော်တော်များများကတော့ သူတို့မကဘူးလို့ စောဒကတက်ကြပေမယ့် မိခင်ဖြစ်သူတွကို သူတို့ ဘယ်လောက်ကျေးဇူးတင် အသိမှတ်ပြုကြောင်း ပြသတဲ့အနေနဲ့ သီဆိုကခုန်ခဲ့ကြတယ်လေ “ လို့ သူတို့ရေးသားထားပါတယ်။

ဒီအက စတူဒီယိုကို Meeshi Ravi Anijali နဲ့ Amber Anjali ဆိုတဲ့ ဇနီးမောင်နှံက ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ သားဦးလေးကိုတော့ နောက်ထပ် "Mommy Mingle, Daddy Dance" အတန်းသစ် မဖွင့်ခင် မွေးဖွားလိမ့်မယ်လို့ မျှော်လင့်နေကြတာဖြစ်ပါသတဲ့။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment