Powered by Blogger.

ဝက်ဝံမေမေကြီးနဲ့ ၀က်ဝံပေါက်လေးတွေဟာ ကားလမ်းမကို ဖြတ်ကူးခဲ့ကြ



မိခင် ၀က်ဝံမကြီးနဲ့ ၀က်ဝံပေါက်လေးတွေဟာ N.C Banner Elk ရဲ့ လမ်းမတစ်နေရာ လမ်းဖြတ်ကူးသွားကြတာကို တွေ့ခဲ့ကြရပါသတဲ့။
Lesley Weaver Platek ဆိုသူ အမျိုးသမီးတစ်ဦးဟာ ကားမောင်းနေစဉ် သူ့ကားရှေ့ကနေ ၀က်ဝံတစ်ဖွဲ့ လမ်းဖြတ်ကူးသွားတာကို ရုတ်တရက်တွေ့ရှိခဲ့ရပြီး ကင်မရာကို အမြန်ထုတ်ကာ မှတ်တမ်းတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Besty Hollis Walker က ဖေ့ဘွတ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

 “ ကျွန်မရဲ့ သူငယ်ချင်း Lesley Weaver Platek က လွန်ခဲ့တဲ့နာရီအနည်းငယ်က Banner Elk မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ ခြံနောက်ဘက်ကို ၀က်ဝံတစ်ကောင် ရောက်လာခဲ့ဖူးပေမယ့် အခုလောက် စိတ်လှုပ်ရှားဖို့ မကောင်းခဲ့ပါဘူး။ တောင်တန်းတွေနဲ့ နေရတဲ့ဘ၀ကို သဘောကျလာမိပါပြီ “ လို့ ဗီဒီယိုပိုစ့်မှာ ခေါင်းစဉ်ရေးသားထားခဲ့ပါတယ်။

အားလုံးပေါင်း ၀က်ဝံပေါက်လေး ၄ ကောင်နဲ့ မေမေ ၀က်ဝံမကြီးဟာ ကားလမ်းကို ဖြတ်ကူးပြီး တောင်ပေါ်ကို မြန်မြန်ဆန်ဆန် တက်သွားခဲ့ကြတာဖြစ်ပါတယ်။” ကြည့်ပါဦး။ အကုန်လုံး ချစ်ဖို့ကောင်းလိုက်တာ “ လို့ ဗီဒီယိုထဲမှာ Platek ရဲ့ ရေရွတ်သံကိုလည်း ကြားရမှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment