Powered by Blogger.

ထောင်မတ်နေတဲ့ ယောက်ျားအင်္ဂါပုံစံ ခရမ်းသီးကြီးကို လေလံဝက်ဘ်ဆိုဒ်မှာ ရောင်းချ



ထောင်မတ်နေတဲ့ အမျိုးသားငယ်ပါပုံစံနဲ့ ခရမ်းသီးတစ်လုံးဟာ New Zealand လေလံဝက်ဘ်ဆိုဒ်တစ်ခုမှာ တင်ပြရောင်းချချိန်ကစပြီး လေလံဆွဲသူအများကြီးရဲ့ အာရုံစိုက်ခံရမှုကို ရရှိနေပါတယ်။ ဒီခရမ်းသီးကိုတော့ ဒေသတွင်းစိုက်ပျိုးရေးသမားတစ်ဦးရဲ့ သားဖြစ်သူက ၀က်ဘ်ဆိုဒ်ပေါ်မှာ တင်လိုက်တာဖြစ်ပါတယ်။

New Zealand ရဲ့ အွန်လိုင်းလေလံဝက်ဘ်ဆိုဒ် “ Trade Me” မှာ တင်ထားတာဖြစ်ပြီး ခေါင်းစဉ်နာမည်ကတော့ “ Erotic Eggplant - ထောင်မတ်နေတဲ့ ခရမ်းသီး “ ဆိုတဲ့ အမည်နဲ့ တင်ထားတာဖြစ်ပြီး မေလ ၁၁ ရက်နေ့က လေလံစခဲ့တာဖြစ်ပြီး ခုတော့ လေလံအောင်သွားပြီလို့ ဆိုပါတယ်။

 “ လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ ထောင်မတ်နေတဲ့ ခရမ်းသီး - အော်ဂဲနစ်စစ်စစ်ဖြစ်ကြောင်း အာမခံသည် - ရောင်းရန်ရှိသည်။ ရောင်းရငွေအားလုံးအား လှူဒါန်းသွားမည် “ လို့ စာရင်းမှာ ဖော်ပြထားပါတယ်။

ခရမ်းသီးကို လေလံဆွဲတဲ့ အကြိမ်ရေ ၁၇ ကြိမ်ရှိခဲ့ပြီး အမြင့်ဆုံး ဒေါ်လာ ၁၀၀ နဲ့ လေလံအောင်သွားတာဖြစ်ပါသတဲ့။

ရောင်းချသူကတော့ Trade Me တာ ပစ္စည်းတင်ရောင်းဖူးတာ ဒါ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment