Powered by Blogger.

ထိတ်လန့်သည်းဖို ရုပ်ရှင်ကြည့်ပြီး ကြောက်လန့်နေတဲ့ ကြောင်ကလေး


အွန်လိုင်း အသစ်ထွက်ရှိပြီး ခေတ်စားနေတဲ့ ဗီဒီယိုကတော့ ကြောင်လေးတစ်ကောင် ဂန္တ၀င်ထိတ်လန့်သည်းဖိုရုပ်ရှင် Psycho ကို ကြည့်ပြီး ကြောက်ရွံ့နေတဲ့ ဗီဒီယိုဖြစ်ပါတယ်။

ရိုက်ကူးမှတ်တမ်းတင်ထားသူကတော့ Andrew Parrish ဆိုသူဖြစ်ပြီး သူ့ရဲ့ ၉ လသားအရွယ် Tabby-Bengal စပ်ဖွားမျိုးဖြစ်တဲ့ Topegi ဆိုတဲ့ ကြောင်လေးက တီဗီရှေ့ကမခွာတမ်း ရုပ်ရှင်ထိုင်ကြည့်ပြီး ထိတ်လန့်နေပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Topegi ဟာ ရုပ်ရှင်နောက်ခံတီးလုံးအတိုင်း စိတ်လှုပ်ရှားထိတ်လန့်နေပြီး မျက်လုံးပြူးကာ ရှေ့တိုးနောက်ဆုတ်နဲ့ တီဗီကြည့်နေတာဖြစ်ပါတယ်။

နာမည်ကျော် ဇာတ်ဝင်ခန်းရောက်လာတဲ့အခါမှတော့ Topegi ဟာ တီဗီရှေ့မှာ ကြောက်လန့်တကြား ထ ခုန်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment