Powered by Blogger.

အမူးလွန်တတ်တဲ့သူတွေအတွက် ပြန်ဖြည်ပေးမယ့် အမူးပြေရေခဲချောင်း


အမူးလွန်ပြီး အရမ်းကောင်းအောင် သောက်တတ်တဲ့သူတွေအတွက် အချိန်ခဏအတွင်းမှာပဲ ပြန်လည်အမူးပြေစေမယ့် ရေခဲချောင်းတစ်မျိုးကို တောင်ကိုးရီးယားနိုင်ငံက စူပါမားကတ်တွေမှာ တရားဝင်ဈေးကွက်တင် ရောင်းချနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီရေခဲချောင်းကိုတော့ ဂျဲအွန်းဂျိုး (မြန်မာအဓိပ္ပာယ်= ဒီမှာမူးလိုက်ရအောင်) ဆိုတဲ့ တောင်ကိုးရီးယား ဘားတစ်ခုက စတင်ရောင်းချခဲ့တာဖြစ်ပြီး အယ်လ်ကိုဟောလ်ရဲ့ ဆိုးကျိုးတွေကို အကောင်းဆုံးချေဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီရေခဲချောင်းကိုတော့ ဂရိတ်ဖုအသီးနဲ့ မြေထဲပင်လယ်အရှေ့ဘက်နိုင်ငံတွေကနေထွက်ရှိတဲ့ စပျစ်သီးခြောက်တွေနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

စပျစ်သီးခြောက်ကတော့ အဲ့ဒီနိုင်ငံတွေမှာ မိရိုးဖလာ အစဉ်အဆက် သုံးစွဲခဲ့ကြတဲ့ အမူးပြေတဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီစပျစ်သီးခြောက်ကိုတော့ ကြွက်တွေမှာ စမ်းသပ်ခဲ့ပြီးဖြစ်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကို သိသိသာသာလျှော့ချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စပျစ်သီးခြောက်မှာ ဖရူးတို့စ် ၊ ဂလူးကို့စ် ၊ သတ္တုဓာတ်တွေ ၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေပါဝင်နေတာကြောင့် အခုလို အစွမ်းသတ္တိတွေရှိနေတာဖြစ်တယ်လို့ သိရပြီး အမူးလွန်တာကို အမှန်တကယ်လျှော့ချပေးနိုင်တာဖြစ်တယ်လို့ သိရပါတယ်။ ကိုးရီးယားနိုင်ငံမှာတော့ အရက်သောက်နှုန်းမြင့်မားလာဆဲဖြစ်ပြီး အရက်သောက်ခြင်းအတွက် တစ်နှစ်ကို ဝမ် ၁၅၀ ဘီလျံ (ပေါင် သန်း ၈၀) အထိ သုံးစွဲလျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် တောင်ကိုးရီးယားနိုင်ငံက အရက်မူးလွန်တဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ဒီရေခဲချောင်းကို တီထွင်လိုက်တာဖြစ်ပြီး ဈေးကွက်အတွင်းမှာ အောင်မြင်မှုတွေရရှိထားဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment