Powered by Blogger.

အီတလီစားဖိုမှူးတွေက တစ်မိုင်ကျော်ရှည်လျားတဲ့ ပီဇာကြီးပြုလုပ်ကာ ဂင်းနစ်စံချိန်ချိုးခဲ့



Naples မြို့ရှိ အီတလီစားဖိုမှူး ၁၀၀ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ ၆၀၈၂ ပေ ရှည်လျားတဲ့ ပီဇာကြီးပြုလုပ်ကာ ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးခဲ့ပါတယ်။
စားဖိုမှူးတွေဟာ ဂျုံမှုန့် ၄၄၀၀၀ ပေါင်ကျော်၊ ခရမ်းချဉ်သီး ပေါင် ၃၅၀၀၊ ချိစ် ပေါင်ပေါင်း ၄၄၀၀၀ နဲ့ သံလွင်ဆီ ဂါလံပေါင်း ၅၃ ဂါလံကို အသုံးပြုပြီး ၁.၁၅ မိုင် ရှည်လျားတဲ့ နပိုလီယံပီဇာကြီး ပြုလုပ်ခဲ့ကြပါတယ်။

ဒီပီဇာရှည်ကြီးကို ချက်ပြုတ်ဖို့ အထူးပြုလုပ်ထားတဲ့ သစ်သားမုန့်ဖို ၅ ခုနဲ့ အချိန် ၁၁ နာရီကြာမြင့်ခဲ့ပါသတဲ့။

ကမ္ဘာ့ဂင်းနစ်စံချိန်စံညွှန်း သတ်မှတ်ပေးသူ Lucia Sinigagliesi က Oramata ကုမ္ပဏီက ကြီးမှူးပြုလုပ်တဲ့ ဒီပီဇာကြီးက စံချိန်ချိုးသွားပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဒီစံချိန်တင် ပီဇာကြီးကို လာရောက်ကြည့်ရှုသူတွေ စားသုံးစေမယ့်အပြင် ကျန်တာတွေကိုလည်း ဒေသတွင်း ပရဟိတအဖွဲ့တွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့အရှည်ဆုံး ပီဇာအဖြစ် ယခင်ကမှတ်တမ်းတင်ခံရတဲ့ ပီဇာကြီးကိုလည်း အီတလီမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ၅၂၃၄ ပေ နဲ့ ၄.၈ လက်မအရှည်ရှိခဲ့တာဖြစ်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment