ဆံပင်ညှပ်တာ မကြိုက်လို့ ဆံပင်ညှပ်ဆိုင်ကို ဖျက်ဆီးခဲ့တဲ့ ဂိုဏ်းစတား ထောင်ဒဏ် ၁၅ လ ကျ
ဘေ့စ်ဘော တုတ်တံ ၊ ဓါးရှည် နဲ့ သေနတ်တို့ကိုင်ဆောင်ထားတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုဟာ ဆံပင်ညှပ်ဆိုင် တစ်ခုကို ကြောက်လန့်ဖွယ် တိုက်ခိုက်ခဲ့ကြပါတယ်။ သူတို့ အခုလိုတိုက်ခိုက်ရတဲ့ အကြောင်းအရင်းကတော့ သူတို့ရဲ့  ဂိုဏ်းသား တစ်ယောက်ကို ထိုဆံပင်ညှပ်ဆိုင် ကြည့်မကောင်းတဲ့ဆံပင် ပုံစံ မျိုးညှပ်ပေးလိုက်လို့ပဲ ဖြစ်ပါတယ်။
ဂိုဏ်းသား ၆ ယောက်ဟာ ဆံပင်ညှပ်ဆိုင် ရဲ့  ပြတင်းပေါက်တွေကို ရိုက်နှက်ဖျက်ဆီး ခဲ့ရာကနေ ဆိုင်အပြင်မှာ ရပ်ထားတဲ့ Alpha Romeo အမျိုးအစား ပြိုင်ကားကိုပါ စတာလင်ပေါင် ၁၆၀၀ ဖိုး ပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်ဖြစ်တဲ့ West Midlands နိုင်ငံ Walsall မြို့က Fresh Trimz ဆံပင်ညှပ်ဆိုင်ပိုငရှင်ကတော့ တံခါးတွေ လော့ခ် ချပြီး ပုန်းကွယ်နေခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ ၆ ရက်နေ့ နေ့လည် ၃နာရီ ၁၅ ခန့်မှာ ဖြစ်ပွားခဲ့တာပါ။
ဆံပင်လာညှပ်သူ တစ်ယောက်ကတော့ လက်မှာ ဖန်ကွဲစ ရှသွားခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေး ၁ ယောက်ကတော့ ငိုယို ထွက်ပြေးခဲ့ရပါတယ်။
ထို ကွဲပျက်သွားတဲ့ ပြတင်းပေါက်မှန်တွေမှာ တင်နေတဲ့ သွေးတွေရဲ့  ဒီအန်အေ စစ်ချက်က တဆင့် တရားခံ တစ်ဦးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် Alex Hill ဆိုသူကိုတော့ ဖမ်းဆီးမိခဲ့ပြီး တရားရုံးက သူ့ကို ထောင်ဒဏ် ၁၅ လ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိခဲ့ရပါတယ်။
“ဒါဟာ အမျိုးသား တစ်ယောက် ဆံပင်ညှပ်လိုက်တာကို မကြိုက်ရာကနေစခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်ပြီး စစ်ဆေးစုံစမ်းမှုတွေဟာ ၁ နှစ်ခန့်ကြာမြင့်သွားခဲ့ရပါတယ်။ ဒါဟာ လူနေအိမ်တွေကို ပြင်းထန်စွာအကြမ်းဖက်မှု ဖြစ်သလို လူတစ်ယောက်ချင်းစီကို အကြမ်းဖက်ဖို့ ခြောက်လှန့်မှုလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်ဆောင်မှုအတွက်တော့ သက်သေမရှိခဲ့ပါဘူး။ တရားခံဟာ ပြတင်းပေါက် လက်သီးနဲ့ ထိုးခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်” လို့ တရားသူကြီးက ဆိုခဲ့ပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment