Powered by Blogger.

ကင်မရာရှေ့မှာ ငှက်ပျောသီးစားပြတဲ့ အစီအစဉ်တင်ဆက်သူတွေကို တရုတ်မှာ ပိတ်ပင်



တရုတ်နိုင်ငံက ရုပ်သံလွှင့်ဝက်ဘ်ဆိုဒ်မှာ အမျိုးသမီး အစီစဉ်တင်ဆက်သူတွေဟာ ငှက်ပျောသီးကို လိင်စိတ်တက်ကြွအောင်ရည်ရွယ် စားသုံးပြခြင်းကြောင့် ပြသခွင့်ပိတ်သိမ်းခံခဲ့ရပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရ အွန်လိုင်းမှာ လူကြိုက်များ ရေပန်းစားနေတဲ့ ရုပ်သံလွှင့်ဝက်ဘ်ဆိုဒ် Douyu Panda. , YY, Zhanqi TV နဲ့ Huya တွေမှာ လိင်အသားပေး ရုပ်သံအစီစဉ်တွေ ပြသနေတာကြောင့် ထိန်းချုပ်ခြင်းခံလိုက်ရပါတယ်။

CCTV သတင်းဌာန အဆိုအရ ဆိုဒ်တွေမှာ အမျိုးသမီး အစီစဉ်တင်ဆက်သူတွေက ငှက်ပျောသီးစားပြတဲ့ အစီစဉ်မျိုးလို ထုတ်လွှင့်ပြသနေတဲ့ အစီအစဉ်တွေကို ရှာဖွေပိတ်သိမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီး အစီစဉ်တင်ဆက်သူတွေကိုလည်း အသားကပ်ခြေအိတ်တွေနဲ့ အတွင်းခံကိုသာ ၀တ်ဆင်ထားတဲ့အတွက်ကြောင့် စီစဉ်တင်ဆက်ရိုက်ကူးခွင့် ပိတ်သိမ်းခဲ့တာဖြစ်ပါသတဲ့။

လူမှုကွန်ယက် အသုံးပြုသူတွေကတော့ အမျိုးသမီးတွေ ငှက်ပျောသီးစားပြတာ ပြသခွင့်မရဘူးဆိုရင် အမျိုးသားတွေ ငှက်ပျောသီးစားတဲ့ပုံတွေ ထုတ်လွှင့်ပြသရင်လည်း ပိတ်သိမ်းမှာလား ဆိုပြီး မေးခွန်းထုတ်နေကြပါသတဲ့။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment