Powered by Blogger.

ဂျာမနီက ဘူတာရုံတစ်ခုမှာ ဓါးကိုင်ဆောင်ထားသူတစ်ဦးရဲ့ အကြမ်းဖက်မှုကြောင့် ၁ ဦးသေ ၊ ၃ ဦး စိုးရိမ်ရ



ဂျာမနီ နိုင်ငံ က ရထားဘူတာရုံတစ်ခုမှာ ဓါး ကိုင်ဆောင်ထားတဲ့ လူတစ်ဦးရဲ့  အကြောင်းမဲ့ ရမ်းကားမှုကြောင့် လူတစ်ဦးသေဆုံးပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ထိုအမျိုးသားဟာ ဂျာမနီနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ မြူးနစ်နိုင်ငံရဲ့  အရှေ့တောင်ဘက်က ဂရာဖင်းဆိုတဲ့ မြို့  ဘူတာရုံမှာ အပြစ်မဲ့ ခရီးသည်တွေကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူ ၃ ယောက်ဟာ အသက် အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ၁ ယောက်ကတော့ ပွဲချင်းပြီးပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ထိုအမျိုးသားအနေနဲ့ အခုလို တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ပြည်တွင်း သတင်းဌာနတွေရဲ့  ဖော်ပြချက်အရတော့  ထိုအမျိုးသားဟာ တိုက်ခိုက်မှု မပြုလုပ်ခင်မှာ "Allahu Akbar" ဆိုတဲ့ "ဘုရားသခင်ဟာကြီးမြတ်သူတစ်ယောက်ဖြစ်တယ်" ဆိုတဲ့ အစ္စလာမ် ဘာသာစကားတစ်မျိုးကို နှုတ်က အော်ဟစ်ခဲ့တာကြောင့် ဂျာမနီ ရဲတပ်ဖွဲ့တွေကတော့ တရားခံကို အစ္စလာမ် အစွန်းရောက် အဖွဲ့အစည်း တစ်ခုခုရဲ့  လက်အောက်ငယ်သား ဖြစ်နိုင်ချေရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။

အခင်းဖြစ်ပွားစဉ်တုန်းကလည်း အသက် ၂၇ နှစ်အရွယ် ထိုတရားခံဟာ အစ္စလာမ် အမှတ်အသား တစ်ခုလို့ ယူဆ ရတဲ့ လှုပ်ရှားမှုတစ်ခုကို တိုက်ခိုက်မှု မပြုခင် ဦးစွာပထမ ပြုလုပ်ခဲ့တာကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက မှတ်တမ်းများက တဆင့် တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

ထို အမှုကိုတော့ ဆက်လက်စုံစမ်း စစ်ဆေးနေဆဲပါ။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment