Powered by Blogger.

ချစ်သူဘေးမှာ ထိုင်ချင်တဲ့ ခရီးသည်အမျိုးသမီးက လေယာဉ်မယ်ကို ခေါက်ဆွဲပြုတ်ရည်ပူတွေနဲ့ လောင်းချခဲ့



Thai AirAsia လေယာဉ်တစ်စီးပေါ်မှာ ရုပ်ရှင်ဆန်ဆန်ဖြစ်သွားတဲ့ အဖြစ်အပျက်ကို ဓါတ်ပုံရိုက်ယူထားတဲ့ အကြောင်းပါ။

လေယာဉ်မယ်တစ်ဦးကို ရေနွေးပူတွေနဲ့ ပက်လိုက်တဲ့ ခရီးသည်တစ်ဦးနဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်မှ တရုတ်ပြည် Nanjing ကို ပျံသန်းမယ့် လေယာဉ်ပေါ်ရှိ တရုတ်ပြည်က အမျိုးသမီးခရီးသည်ဟာ ချစ်သူဘေးမှာ မထိုင်ရတဲ့အတွက် ဆူပူသောင်းကျန်းခဲ့ပြီး လေယာဉ်မယ်ကို ရေနွေးပူနဲ့ ပက်ခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပေါ်ရှိ ခရီးသည်တွေဟာ ဖုန်းတွေထုတ်ပြီး ဒီအဖြစ်အပျက်အားလုံးကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြပြီး လေယာဉ်မယ်လေးကတော့ မျက်နှာကိုလက်နဲ့ကာထားပြီး နာကျင်စွာအော်ဟစ်နေခဲ့တယ်လို့ သိရပါတယ်။

ရလဒ်ကတော့ တရုတ်ပြည်အရှေ့ပိင်းကို မိနစ် ၉၀ စာ ပျံသန်းရမယ့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းပြီး ဘန်ကောက်လေဆိပ်ကို ပြန်လည်ပျံသန်းခဲ့ပြီး အရေးပေါ်လေယာဉ်ဆင်းသက်မှု ပြုလုပ်ခဲ့ရတာပါပဲ။

ဒီအဖြစ်အပျက်ကြောင့် ကမ္ဘာတစ်လွှားက စိတ်ဝင်စားခဲ့ကြပြီး တရုတ်ခရီးသွားတွေကိုတော့ “ လူရိုင်းလူကြမ်းကြီးများ “ လို့ တရုတ်သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : DailyMail



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. တရုတ်တွေရဲ့အဆင်အတန်းနိမ့်ကျမူကကမ္ဘာကသိသွားတာပေါ့။တောကလာတဲ့တရုတ်တွေဆိုအော်ကြီးဟစ်ကျယ်ပြောတာတွေ။အများသုံးရေပန်းတွေကိုသူတို့ကခြေထောက်ထိုင်စိမ်တာတွေ။အများပြည်သူနေတဲ့နေရာတွေမှာအ၀တ်လှန်း၊အတွင်းခံတွေလှမ်းတာတွေအများကြီးပဲ

    ReplyDelete