Powered by Blogger.

မိုက်တိုင်ဆန်ရဲ့ ၁၉၉၅ခုနှစ်က လက်ဝှေ့ပွဲမှာ စမတ်ဖုန်းကိုင်ဆောင်ထားတဲ့အချိန်ခရီးသွားကိုတွေ့ရှိ


ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းဟာ ၂၀၀၀ ခုနှစ်မှာမှ စတင်ထွက်ရှိခဲ့တာဖြစ်ပေမယ့်လည်း ၁၉၉၅ ခုနှစ်က လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲတစ်ခုမှာတော့ အခုခေတ်စမတ်ဖုန်းနဲ့ ဆင်တူလွန်းနေတဲ့ စမတ်ဖုန်းတစ်လုံးကို ကိုင်ဆောင်ထားတဲ့ အချိန်ခရီးသွားတစ်ယောက်ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလက်ဝှေ့ပွဲကိုတော့ လတ်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပခဲ့တာပါ။

ဒီလက်ဝှေ့ပွဲကျင်းပနေတဲ့အချိန်မှာ ကြိုးဝိုင်းဘေးက ပရိသတ်တစ်ဦးကတော့ အခုခေတ်စမတ်ဖုန်းပုံစံမျိုးကို ကိုင်ထားပြီး မိုက်တိုင်ဆန်ကို ဓာတ်ပုံရိုက်နေခဲ့တာဖြစ်ပါတယ်။ ဒီပုံကတော့ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး လူတွေကတော့ ဒီဓာတ်ပုံရိုက်နေတဲ့သူဟာ အနာဂတ်ကနေ အတိတ်ကိုပြန်သွားနေတဲ့ အချိန်ခရီးသွားဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။

အခုလို ပုံရိပ်တွေကိုတော့ ၂၀၁၅ စက်တင်ဘာလအတွင်းက Youtube ပေါ်မှာ တင်ထားတဲ့ လက်ဝှေ့ဗီဒီယိုတစ်ခုကနေ တွေ့ရှိခဲ့ရတာဖြစ်ပြီး လူအားလုံးကတော့ အဖြေရှာမရဖြစ်နေခဲ့ပါတယ်။ ဒီလူကိုင်ဆောင်ထားတဲ့ အရာဟာ ဖုန်းမဟုတ်နိုင်ဘဲ အဲ့ဒီခေတ်က ကင်မရာဖြစ်နိုင်တယ်လို့လည်း တစ်ချို့သောလူတွေက ဆိုပါတယ်။


ဒီကင်မရာမှာတော့ အခုခေတ်စမတ်ဖုန်းတွေလိုမျိုး အလယ်မှာ မှန်ဘီလူးတစ်ခုပါဝင်နေပြီး ဂျာနယ်လစ်တစ်ယောက်ကတော့ “ကျွန်တော်ကတော့ အချိန်ခရီးသွားလား ဘာလားတော့မသိဘူး။ အဲ့ခေတ်က QV-100 ကင်မရာမှာတော့ ညာဘက်မှာ ငွေရောင်မရှိဘူး။ ဒီဓာတ်ပုံထဲက စမတ်ဖုန်းလို့ပြောနေတဲ့ ကင်မရာမှာလည်း အဲ့ခေတ်က QV-100 ကင်မရာလိုမျိုး Lens အောက်မှာ အမည်းအကြောင်း ပါမလာဘူး” လို့ ပြောပါတယ်။

“ဒါ့ကြောင့် ဒီပုံတွေဟာ အချိန်ခရီးသွားတစ်ယောက်က သူကြိုက်နှစ်သက်လွန်းတဲ့ လက်ဝှေ့အကျော်အမော်ရဲ့ လက်ဝှေ့ပွဲကို ရှေ့ဆုံးကနေကြည့်ပြီး ဓာတ်ပုံရိုက်ချင်လို့ အဲ့အချိန်ကို ပြန်သွားခဲ့တဲ့ပုံပါပဲ” လို့ သူက ဆက်ပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အချိန်ခရီးသွားတွေ တကယ်ရှိလား ၊ မရှိလား မသိရပေမယ့်လည်း အချိန်ခရီးသွားတွေနဲ့ ပတ်သက်တဲ့ ပဟေဠိတွေကတော့ ဘယ်သူမှ  တိကျတဲ့ အဖြေတွေ မပေးနိုင်သေးပါဘူး။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment