ထိတ်လန့်သည်းဖို ဓါတ်ပုံတွေရိုက်ကူးဖို့ ဇနီးနဲ့သမီးများကို အသုံးပြုခဲ့တဲ့ ဖခင်
Missouri သား ဓါတ်ပုံဆရာတစ်ဦးဟာ မိသားစုတစ်စုရဲ့ ထိတ်လန့်သည်းဖို ဓါတ်ပုံတွေဖန်တီးဖို့အတွက် သူ့ရဲ့ ဇနီးသည်နဲ့ သမီး ၄ ယောက်ကို မော်ဒယ်လ်ပြုလုပ်ခဲ့ ရိုက်ကူးခဲ့ပါတယ်။
၄၃ နှစ်အရွယ် Joshua Hoffine ဟာ ၂၀၀၃ ခုနှစ်ကစပြီး သူ့ရဲ့မိသားစုဝင်တွေကို အသုံးပြုပြီး ထိတ်လန့်သည်းဖို ဓါတ်ပုံတွေရိုက်ကူးခဲ့ကာ နို်င်ငံပေါင်း ၁၅၀ ကျော်အထိ ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပါတယ်။
ဧပြီလတုန်းက သူ့ရဲ့ဓါတ်ပုံတွေကို စာအုပ်ဖုံးမှာ ရိုက်ကူးထုတ်ဝေခဲ့ပြီး ၄ ရက်အတွင်း အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်။
Monsters and Critics ဆိုတဲ့ ဓါတ်ပုံစီးရီးမှာတော့ ကလေးငယ်တွေဟာ သူတို့ရဲ့စိတ်ကူးထဲမှာ ကြောက်စရာအဖြစ်အပျက်တွေကို ဘယ်လိုစိတ်ကူးပုံဖော်သလဲဆိုတာကို တင်ဆင်ရိုက်ကူးထားတာဖြစ်ပါသတဲ့။
သူ့ရဲ့ဓါတ်ပုံတွေမှာ သမီးဖြစ်သူတွေဟာ သူတို့ရဲ့ အိပ်ခန်းကြမ်းပြင်ကနေ ကြောက်စရာကောင်းတဲ့ မြင်ကွင်းများစွာကို ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
0 comments:
Post a Comment