Powered by Blogger.

ပါးစပ်ထဲမှာ ငါးမျှားချိတ်တွေနဲ့ ကျားငါးမန်းတစ်ကောင်ကို ကယ်ဆယ်နိုင်ခဲ့

 

ဟာဝိုင်ယီကမ်းခြေကို သွားရောက်ခဲ့သူတစ်ဦးဟာ သူငယ်ချင်းတွေနဲ့အတူ ဒဏ်ရာတွေနဲ့ ငါးမန်းတစ်ကောင်ကို ကမ်းခြေကို ဆွဲတင်ပြီး ပါးစပ်အတွင်းမှာ ချိတ်မိနေတဲ့ ငါးမျှားချိတ်တွေကို ဖယ်ရှားပေးခဲ့ကြပါသတဲ့။

Brent Thomas ဆိုသူဟာ မေလ ၁၆ ရက်နေ့က Sherwood ကမ်းခြေကို သွားရောက်လည်ပတ်စဉ်က ရေတိမ်မှာ မျောပါလာတဲ့ ဒဏ်ရာများနဲ့ ကျားငါးမန်းတစ်ကောင်ကို ရှာဖွေတွေ့ရှိပြီး ကမ်းပေါ်ကို ဆွဲတင်လာကြတာကို ဗီဒီယိုရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

သူငယ်ချင်းတစ်စုဟာ သောင်ပြင်ပေါ်ကို ဆွဲတင်လာပြီး ငါးမန်းရဲ့ပါးစပ်မှာ ချိတ်မိနေတဲ့ ငါးမျှားချိတ်ကြီး ၂ ချိတ်ကိုဖယ်ရှားပေးခဲ့ကြတာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ရေထဲကိုပြန်လွှတ်ပေးကာ ပင်လယ်ထဲကိုရေကူးသွားတဲ့အထိ စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ကယ်တင်ပေးခဲ့ကြတဲ့ ဗီဒီယိုကိုတော့ YouTube မှာ တင်ထားတာဖြစ်ပါတယ်။




( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref :UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment