Powered by Blogger.

ခေါင်း ၂ လုံးပါတဲ့ နွားပေါက်လေးကို လူအများစိတ်ဝင်စားနေ


ဒီလထဲမှာ မွေးဖွားခဲ့တဲ့ ခေါင်း ၂ လုံးပါတဲ့ နွားပေါက်လေးကြောင့် အိန္ဒိယရှိရွာငယ်လေးမှာ လာရောက်လည်ပတ်သူများဖြင့် ပြည့်နှက်နေပါသတဲ့။

မေလ ၇ ရက်နေ့က Rajashthan ပြည်နယ် Pratappur ရွာမှာ မျက်လုံး ၄ လုံး လျှာ ၂ခုပါတဲ့ နွားပေါက်လေးကို မွေးဖွားခဲ့တာဖြစ်ပြီး အမေဖြစ်သူထံမှာလည်း ကောင်းစွာနို့စို့နိုင်ပြီး ကျန်းမာတယ်လို့ ပိုင်ရှင်ဖြစ်သူက ဆိုပါတယ်။

လယ်သမားရဲ့အဆိုအရ နွားပေါက်လေးရဲ့ ခေါင်းတွေက အလွန်ကြီးနေတာကြောင့် အကူအညီမပါဘဲ ခေါင်း မထောင်နိုင်ပါဘူးတဲ့။

စူးစမ်းလိုစိတ်အပြည့်နဲ့ ဧည့်သည်တွေဟာ ပုံမှာမဟုတ်ဘဲ ခေါင်း၂ လုံးနဲ့ မွေးဖွားလာတဲ့ နွားလေးကို ကြည့်ရှုလေ့လာဖို့ လာရောက်ကြလို့ ရွာထဲမှာလူတွေစည်ကားနေပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment