အီတလီက လမ်းမကြီးတစ်ခုပေါ်မှာ ဗုဒ္ဓဟူးနေ့က မြေပြိုကျခြင်းကြောင့် ကားပေါင်းများစွာ မြေကျွံနစ်မြုပ်ခဲ့ပါသတဲ့။
BBC သတင်းဌာနအရ Ponte Vecchio အနီးရှိ လမ်းမကြီးပေါ်မှာ ၆၅၆ ပေ အကျယ်ရှိ မြေသားချိုင့်ခွက်ကြီးဖြစ်သွားတယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ မြေအောက်မှာမြှုပ်ထားတဲ့ ပိုက်ကြီးဟာ ဆွေးမြေ့ပျက်စီးပြီး မြေပြိုကျတာကြောင့် ကားပေါင်း အစီး ၂၀ မြေကျွံကြသွားခဲ့တာဖြစ်ပါတယ်။
“ ဒါဟာ ရေပေးဝေမှု အခြေခံအဆောက်အအုံဖွဲ့စည်းမှုနဲ့ လုံးဝပတ်သက်တဲ့ကိစ္စဖြစ်ပါတယ် “ လို့ National Geology Advisory မှ Alessandra Biserna က ဆိုပါတယ်။
“ ဒီမတော်တဆမှု တော်တော်ဆိုးပါတယ်လို့ မြို့တော်ဝန် Dario Nardella ကဆိုပေမယ့် ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိခဲ့ပါဘူး။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : AEIOU
0 comments:
Post a Comment