Powered by Blogger.

ခေါင်းနှစ်လုံးနဲ့ တောက်တဲ့ဟာ အင်းဆက်တွေစားပြီး ပျော်ရွှင်နေပုံ



တရုတ်နိုင်ငံရှိ တွားသွားသတ္တ၀ါရောင်းချသူ တစ်ဦးဟာ ဦးခေါင်း ၂ ခုပါရှိတဲ့ တောက်တဲ့တစ်ကောင်က ခေါင်း ၂ လုံးလုံးကို သုံးပြီး အင်းဆက်တွေကို ဖမ်းယူစားသောက်နေပုံ ဗီဒီယိုကို တင်ထားခဲ့ပါတယ်။

Goodshop GS ဆိုတဲ့အကောင်နဲ့ ဒီဗီဒီယိုကို Facebook မှာ တင်ထားခဲ့တာဖြစ်ပြီး ဦးခေါင်း ၂ လုံး၊ ခြေထောက် ၆ ခုပါရှိတဲံ တောက်တဲ့တစ်ကောင်က အင်းဆက်တွေ ဖမ်းယူစားသောက်နေပုံ တွေ့ရမှာဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင်အဆိုအရ ဒီထူးဆန်းတဲ့ တောက်တဲ့လေးကို တရုတ်ပြည်မှာ ပြီးခဲ့တဲ့နှစ်က မွေးဖွားခဲ့တာပါတဲ့။

မကြာသေးခင်ကပဲ Venice Beach Freakshow ပိုင်ရှင်ဖြစ်သူ Todd Ray ဆိုသူက ဒီဦးခေါင်း ၂ ခုပါတောက်တဲ့လေးကို ၀ယ်ယူသွားတာဖြစ်ပြီး ခုဆိုရင်တော့ Los Angeles ကို ရောက်ရှိနေပြီလို့ ဆိုင်ပိုင်ရှင်က ဆိုထားပါသေးတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment