Powered by Blogger.

သိန်းငှက်ချီတာခံခဲ့ရတဲ့ သားပိုက်ကောင်ပေါက်လေးကို သြစတြေးလျရဲတွေ ကယ်ဆယ်ခဲ့



သြစတြေးလျရဲအရာရှိ တစ်ဦးက သိန်းငှက်ကြီးတစ်ကောင် သုတ်ချီသွားတဲ့ သားပိုက်ကောင်လေးကို ခြေရာခံလိုက်ပြီး ကယ်ဆယ်နိုင်ခဲ့ပါသတဲ့။

Cuejoe အမည်ရှိ သားပိုက်ကောင်လေးရဲ့ ပိုင်ရှင်ဖြစ်သူ Scott Mason နဲ့ သိန်းငှက်ချီသွားခံရပြီး ပြန်လွတ်လာတဲ့ Cuejoe ရဲ့ ဓါတ်ပုံကို သြစတြေးလျအနောက်ပိုင်း ရဲဌာနက ဖော်ပြထားခဲ့ပါတယ်။

Mason က ဒီသားပိုက်ကောင်ပေါက်လေးကို သူ့ရဲ့အမေဖြစ်သူ ကားတိုက်ခံရလို့ သေသွားတဲ့အချိန်က စပြီး မွေးစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သိန်းငှက်ချီသွားခံရတဲ့ Cuejoe ရဲ့ ရင်ဘတ်နဲ့ မျက်နှာမှာတော့ လက်သည်းနဲ့ကုတ်ခြစ်ရာတွေ ရရှိခဲ့ပေမယ့် ဆေးဝါးကုသမှု ခံယူပြီး သက်သာသွားပြီလို့ ရဲတွေအဆိုအရ သိရပါတယ်။



( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment