Powered by Blogger.

လိင်ပညာပေးအကြောင်းတွေနဲ့သာ ပြည့်နှက်နေမယ့် ပန်းခြံကြီးတစ်ခုကို ဖွင့်လှစ်ဖို့စီစဉ်



ကမ္ဘာ့ပထမဆုံး လိင်ပညာပေးပန်းခြံကြီးတစ်ခုကို ဘရာဇီးနိုင်ငံမှာ ဖွင့်လှစ်သွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ပန်းခြံကြီးတစ်ခုလုံးမှာ လိင်ပိုင်ဆိုင်းရာ ရုပ်ထုပုံစံတွေထားရှိသွားပြီး အစားအစာတွေကအစ လိင်ဆက်ဆံဖို့ကို အားပေးတဲ့ အစားအစာတွေရောင်းချသွားမှာပါ။ ဒီပန်းခြံကိုတော့ အသက်ပြည့်ပြီးသူတွေသာ ဝင်ရောက်လို့ ရရှိမှာဖြစ်ပြီး အဲရိုတီကာဥယျာဉ်လို့ နာမည်ပေးထားပါတယ်။

ပန်းခြံကြီးရဲ့ အနီးအနားဝန်းကျင်ဒေသတွေကတော့ သူတို့ဒေသကို “လိင်မြို့တော်” လို့ အမည် သမုတ်ခံရမှာကို စိုးရွံ့နေကြပါတယ်။ ဒီပန်းခြံကိုတော့ ၂၀၁၈ ခုနှစ်မှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ပန်းခြံမှာ ပြတိုက်တစ်ခုလည်း ပါဝင်လာဖို့ရှိပြီး လိင်ဆက်ဆံမှုက သမိုင်းအဆက်ဆက် ဘယ်လိုအရေးပါခဲ့သလဲနဲ့ ရှေးယခင်က လိင်ဆက်ဆံမှုဆိုင်ရာ အသိပညာတွေကို ပြသသွားမယ့် ပြတိုက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီပန်းခြံမှာတော့ Vibrate ပြုလုပ်နိုင်တဲ့ ထိုင်ခုံတွေနဲ့ 7D ရုပ်ရှင်ရုံတွေ ၊ မိန်းကလေးနဲ့ ယောက်ျားလေးတွေ အတူတူစီးနင်းနိုင်မယ့် ပျော်စရာ ရထား ၊ ညစ်ညမ်းရေကန်နဲ့ လိင်ကစားကွင်း ၊ လိင်အင်္ဂါပုံသဏ္ဍာန်ရှိတဲ့ ကားတွေအပြင် ကာမအားတိုးဆေးတွေရောင်းချပေးမယ့် ဘားတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီပန်းခြံက ဝန်ထမ်းတွေကတော့ လာရောက်ပျော်ပါးကြတဲ့သူတွေကို လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးဖို့နဲ့ တစ်ခြားလိင်ပညာပေးအကြောင်းအရာတွေကို ဟောပြောနေမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပန်းခြံကို ဦးဆောင်ဖွင့်လှစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် မိုရာတာကတော့ ဒီပန်းခြံမှာ လိင်ဆက်ဆံခွင့်ပြုမှာ မဟုတ်ဘဲ လိင်နဲ့ပတ်သက်တဲ့ ပညာပေးအကြောင်းအရာတွေကိုသာ လေ့လာခွင့်ပေးသွားမှာဖြစ်ပြီး အဆင့်တက်ချင်ရင်တော့ နီးစပ်ရာ ဟိုတယ်ကို သွားရောက်ဖို့အတွက် တိုက်တွန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပန်းခြံပေါ်ထွက်လာတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၅၀ လောက်ရရှိလာခဲ့ပြီး ဝင်ကြေးကလည်း တစ်ယောက်ကို ဒေါ်လာ ၁၀၀ သတ်မှတ်ထားတာကြောင့် ဒေသန္တရ ခရီးသွားဝင်ငွေကို တိုးတက်စေလိမ့်မယ်လို့လည်း မိုရာတာက မျှော်လင့်လျက်ရှိပါတယ်။

ဒီပန်းခြံကိုတော့ လောလောဆယ်မှာ ဆာပေါ်လိုမြို့ကနေ နှစ်နာရီလောက် ကားမောင်းသွားရတဲ့ ဒေသမှာ တည်ဆောက်ဖို့ စီစဉ်နေပြီး လုပ်ငန်းရှင်မိုရာတာကို ပန်းခြံမတည်ဆောက်ဖို့အတွက် ဒေသခံတွေက တွန်းအားပေးလျက်ရှိနေကြတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment