Powered by Blogger.

လပေါ်မှာ ဂြိုဟ်သားပိုင် ပျံသန်းယာဉ်လို့ ထင်ရတဲ့ အရာဝတ္ထုများကို တွေ့ရှိ


ဂြိုဟ်သားတွေအသုံးပြုခဲ့တဲ့ UFO ယာဉ်အဟောင်းပုံစံလိုမျိုးတွေကို လပေါ်မှာ မကြာခင်က တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒီလိုပုံရိပ်တွေကိုတော့ Lunar ပတ်လမ်းကနေ လှည့်ပတ်နေတဲ့ ဂြိုဟ်တုပေါ်ကနေ ဖမ်းယူရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး ထောင့်မှန်ပုံသဏ္ဍာန်ရှိတဲ့ ယာဉ်နှစ်ခုဖြစ်တယ်လို့ ထင်ရပါတယ်။ ဒီလိုအရာတွေဟာ “လက်မခံနိုင်စရာတွေ့ရှိမှုဖြစ်တယ်” လို့ ပညာရှင်တစ်ယောက်က ဆိုခဲ့ပြီး ဒီအရာကို ထပ်တိုးလေ့လာမှုတွေပြုလုပ်သွားဖို့ တိုက်တွန်းနေကြပါတယ်။

UFO စောင့်ကြည့်လေ့လာသူတွေကတော့ ဒီအရာဟာ ဂြိုဟ်သားတွေရဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ၁၉၇၂ အပိုလို ၁၆ အာကာသယာဉ်ရဲ့ စူးစမ်းလေ့လာမှုတုန်းကလည်း ဒီလို သဏ္ဍာန်တူ အရာတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလို အရာတွေကိုတော့ သဘာဝအတိုင်းဖြစ်နေတယ်လို့ လူတစ်ချို့က တစ်ဖက်ပိတ်ငြင်းဆန်နေခဲ့ကြပြီး လေ့လာသူတွေကတော့ သဘာဝအတိုင်းဖြစ်လာခဲ့တယ်ဆိုရင် ဒါတွေက ဘယ်က နေ ခြေထောက်ပေါက်ပြီး ရောက်လာတာလဲလို့ ပြန်လည် မေးခွန်းထုတ်ခဲ့ကြပါတယ်။

အကယ်လို့ သဘာဝက ပြုလုပ်တယ်ဆိုရင်လည်း ထောင့်မှန်စတုဂံပုံ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ လေ့လာသူတွေကတော့ ဂြိုဟ်သားတွေဟာ လပေါ်ကို နယ်ချဲ့လာကြပြီဖြစ်ပြီး လှုပ်ရှားမှုတွေကို ထပ်မံတွေ့ရှိရနိုင်တယ်လို့ ဆိုနေကြပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment