Powered by Blogger.

ဗို့အား ၁၁၀၀၀ လောက်ရှိတဲ့ ဓာတ်လိုက်မှုဖြစ်ပွားခဲ့သော်လည်း သေကံမရောက်၍ သက်မပျောက်ခဲ့သူ



ဗို့အား ၁၁၀၀၀ ရှိတဲ့ လျှပ်စစ်ရှော့ခ်ဖြစ်ခဲ့ပေမယ့်လည်း ဒီအမျိုးသားကတော့ ကံကောင်းခဲ့ပြီး အသက်မစတေးခဲ့ရပါဘူး။

အသက် ၅၀ နှစ် အရွယ် Mark Bradley ဆိုသူဟာ သတ္တု မီးအိမ် တစ်ခုအား မီးပလပ် တွင်တပ်ဆင်နေစဉ် ဗို့အား ၁၁၀၀၀ ရှိသည့် ရှော့ခ် ဖြစ်ပွားခဲ့တာပါ။

သူ ဒီလိုဖြစ်ခဲ့တာကိုတော့ သူငယ်ချင်းတစ်ယောက်က အချိန်မီ ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

 Ade Savage ဆိုသူ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ဦးဟာ Mark ရဲ့ အဖြစ်အပျက်ကို တွေ့ရှိခဲ့ပြီး သူ့အား ထိုးနှက်ပြီး လျှပ်စစ်ဓါတ်နှင့် ဝေးရာသို့ ဆွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း သူကိုယ်တိုင်ပါ ဓါတ် လိုက်ခဲ့ သည့် အတွက် သစ်သားချောင်း တစ်ခုအား ဆွဲယူ၍ Mark အား အရှိန်ပြင်းထန်စွာ ရိုက်နှက် လိုက် မှသာ Mark ဟာ လျှပ်စစ်စီးကြောင်းနဲ့ ပြတ်တောက်သွားခဲ့ရတာဖြစ်ပါတယ်။

သစ်သားကတော့ လျှပ်စစ်မစီးဆင်းနိုင်လို့  Ade ဟာ ဓါတ်လိုက်ခဲ့ခြင်း မရှိပဲ သူ့ရဲ့ သူငယ်ချင်း Mark ကိုကယ်တင်နိုင်ခဲ့တာဖြစ်ပြီး Mark ကတော့ သူ့ရဲ့ မျက်နှာ နဲ့ လက်မောင်းတို့ မှာ မီးလောင်ကျွမ်းခဲ့ပြီး နားထဲမှ သွေးထွက်ခဲ့သည့်အတွက် ဆေးရုံသို့ပို့ဆောင် ခဲ့ရတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment