Powered by Blogger.

ကြောင် အထီး ၂ကောင်ကို ခင်ပွန်းသည်တွေအဖြစ် ၁၀ နှစ်တိတိ ပေါင်းသင်းနေထိုင်ခဲ့တဲ့ အမျိုးသမီး



လက်တွဲဖော် နဲ့ ပြတ်စဲလမ်းခွဲပြီး ၇ နှစ် အကြာမှာတော့ Barbarella Buchner ဆိုသူအမျိုးသမီးဟာ သူ့အနေ နဲ့ အချစ်ကို ထပ်မံ
မတွေ့နိုင်တော့ဘူးလို့ ထင်လာခဲ့ပါတယ်။

ဒါကြောင့် လက်ရှိမှာ အသက် ၄၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Barbarella  ဟာ သူမရဲ့ ဘ၀တစ်လျှောက် လုံးမှာ သူမရဲ့ ကြောင် ၂ ကောင်နဲ့ပဲ အတူနေတော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

Barbarella ဟာ သူမရဲ့ ကြောင် အထီး ၂ကောင်ကို သူမရဲ့ ခင်ပွန်းသည် တွေအဖြစ်နဲ့ လက်ထပ်ပေါင်းသင်းလာခဲ့ပြီး အခု ဇန်န၀ါရီလ မှာ ၁၀ နှစ်ပြည့် ခဲ့ပါပြီ။ သူမ ဟာ ထိုကြောင်ထီး ၂ ကောင်ရဲ့ ပုံနဲ့နာမည်ကိုလည်းသူမရဲ့ညာဘက်ခြေထောက်မှာလည်းတက်တူးထိုးထားပါတယ်။

လန်ဒန်မြို့မှာနေထိုင်တဲ့ Web ဒီဇိုင်နာ Barbarella ဟာ ထိုကြောင်ထီး ၂ ကောင်ဟာသူမရဲ့ ဘ၀ လက်တွဲဖော်တွေဖြစ်တယ်လို့လည်းဆိုပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment