Powered by Blogger.

ဒီနေ့ဟာ သွေးအုပ်စုခွဲခြားပေးခဲ့သူ ကားလ်လန်းစတိန်နာရဲ့ မွေးနေ့ဖြစ်ပါတယ်



ဒီနေ့ ဇွန် ၁၄ ရက်ကတော့ ကျွန်တော်တို့ ဒီနေ့ခေတ်ပြောပြောနေတဲ့ သွေးအမျိုးအစား A ,B , O , AB တွေရယ်လို့ ဖြစ်လာအောင်ေ သွးအမျိုးအစားခွဲပြခဲ့တဲ့ သိပ္ပံပညာရှင်ကြီး ကားလ်လန်းစတိန်နာရဲ့ မွေးနေ့ဖြစ်ပါတယ်။ သွေးတွင်းမှာပါဝင်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ အက်ဂလူတီနင်း  ပမာဏကို ကြည့်ပြီး သွေးအမျိုးအစားအုပ်စုတွေကို ခွဲခြားပေးခဲ့တာပါ။

ဒီနေ့ဟာ သူ့ရဲ့ ၁၄၈ နှစ်မြောက်မွေးနေ့ဖြစ်ပြီး ၁၉၀၀ ခုနှစ်မှာ သွေးအုပ်စုတွေကို ခွဲခြားနိုင်ခဲ့တာပါ။


သူဟာ တစ်ခြား ဆေးသိပ္ပံပညာရှင်နှစ်ယောက်နဲ့တွဲပြီးတော့လည်း ၁၉၀၉ ခုနှစ်မှာ ပိုလီယိုဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ပါတယ်။ အခုလို ဆေးပညာရပ်ပိုင်းဆိုင်ရာ ထူးချွန်တဲ့ ကားလ်ကိုတော့ ၁၉၂၆ ခုနှစ်မှာ Aronson ဆုနဲ့ ၁၉၃၀ မှာတော့ ဆေးသုတေသနဆိုင်ရာ နိုဘယ်လ်ဆုတွေကို ချီးမြှင့်ခဲ့ပါတယ်။

၁၈၈၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ သူ့ကို မွေးဖွားခဲ့ပြီး အသက် ၇၅ နှစ်အရွယ် ဇွန်လ ၂၆ ရက်နေ့ ၁၉၄၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့  အခုလို သွေးအုပ်စုခွဲခြားပေးခဲ့တဲ့ လုပ်ဆောင်ချက်ကြောင့် သွေးလိုအပ်နေတဲ့ လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပြီး သွေးအမျိုးအစားတူချင်း  အလွယ်တကူ ကူးပြောင်းသွေးလှူနိုင်ခဲ့ပါတယ်။

( Paing A K )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)


Ref : Wikipedia
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment