ကျွန်တော် အခုရေးသားမယ့် အကြောင်းအရာတွေကတော့ ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
၁. ကမ္ဘာ့လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းသော လူတွေဟာ ဘယ်သန်တွေဖြစ်ကြပါတယ်။
၂. ပြက္ခဒိန်မှာ ပါဝင်နေတဲ့ လ ၁၂ လမှာ သြဂုတ်လဟာ ကလေးမွေးဖွားမှု အများဆုံးလဖြစ်ပါတယ်။
၃. အစားအစာတွေဟာ တံတွေးနဲ့မရောမချင်း အစားအစာတွေရဲ့ အရသာ ဆိုတာကို ခံစားလို့မရပါဘူး။
၎. လူတစ်ယောက် အိပ်စက်သွားဖို့ အချိန်ယူချိန်ဟာ ပျမ်းမျှအနေနဲ့ ၇ မိနစ်သာကြာမြင့်ပါတယ်။
၅. ဝက်ဝံတစ်ကောင်မှာ သွား ၄၂ ချောင်းရှိပါတယ်။
၆. ငှက်ကုလားအုတ်ရဲ့ မျက်လုံးဟာ သူ့ရဲ့ ဦးနှောက်ထက်တောင် အရွယ်အစားပိုမိုကြီးမားပါတယ်။
၇. သံပုရာသီးတစ်လုံးမှာ စတော်ဘယ်ရီသီတစ်လုံးထက်တောင် သကြားဓာတ်ပမာဏပါဝင်မှု ပိုမိုများပြားပါတယ်။
၈. ရှစ်ရာနှုန်းသောလူတွေဟာ နံရိုးအပိုပါကြပါတယ်။
၉. ၈၅ ရာနှုန်းသော သက်ရှိအပင်တွေဟာ သမုဒ္ဒရာ ကြမ်းပြင်ရေအောက်မှာ တည်ရှိနေပါတယ်။
၁၀. ကမ္ဘာပေါ်မှာ လူသုံးအများဆုံး အက္ခရာဟာ E ဖြစ်ပါတယ်။
၁၁. ကမ္ဘာပေါ်မှာ လူပြောအများဆုံး ဘာသာစကားသုံးခုကတော့ မန်ဒရင်းတရုတ်ဘာသာစကား ၊ စပိန်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား
တို့ဖြစ်ပါတယ်။
( Paing A K )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Did U Know
0 comments:
Post a Comment