Powered by Blogger.

ကလေးငယ်ဆီ ပြေးလာတဲ့ ခြင်္သေ့ကြီး လှောင်အိမ်မှန်နံရံနဲ့ တိုက်မိ


ဂျပန်နိုင်ငံရှိ တိရိစ္ဆာန်ရုံတစ်ရုံမှာ ခြင်္သေ့ကြီးတစ်ကောင် နံရံတစ်ဖက်ခြမ်းမှာ မတ်တပ်ရပ်နေတဲ့ ကလေးငယ်လေးဆီ အပြေးလာရင်း လှောင်အိမ်မှန်နံရံနဲ့ မျက်နှာနဲ့ပြေးဆောင့်မိပါသတဲ့။

ဂျပန်နိုင်ငံ Chiba ရှိ တိရိစ္ဆာန်ရုံမှာ ဒီအဖြစ်အပျက်ကို ဗီဒီယိုမှတ်တမ်း တင်ထားခဲ့တာဖြစ်ပါတယ်။ ဗီဒီိယိုထဲမှာတော့ ၂ နှစ်သားအရွယ် ကလေးငယ်လေးဟာ ခြင်္သေ့လှောင်အိမ်ရှေ့မှာ မတ်တပ်ရပ်နေပြီး လှောင်အိမ်ထဲရှိ ခြင်္သေ့ကြီးက ကလေးငယ်လေးဆီ ပြေးလာတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ခြင်္သေ့ကြီးခမျာ ကလေးငယ်ဆီ ပြေးအလာ လှောင်အိမ်မှန်နံရံနဲ့ မျက်နှာနဲ့ ဆောင့်မိသွားးပါတယ်။

တိရိစ္ဆာန်ရုံ ၀န်ထမ်းတွေအဆိုအရ ဒီခြင်္သေ့ကြီကို ပြီးခဲ့တဲ့လကမှ ပြသထားးခဲ့တာဖြစ်ပြီး ကလေးငယ်တွေ လာတဲ့အခါတိုင်း မကြာခဏဆိုသလို ဒီလိုပြေးလာဆော့ကစားလေ့ရှိတယ်လို့ သိရပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment