ပျောက်သွားတဲ့ ဘောင်းဘီကို အင်တာနက်ကနေ ပြန်ရှာတွေ့ခဲ့တဲ့ ကနေဒါအမျိုးသား
ကနေဒါနိုင်ငံသားတစ်ဦးဟာ ညဘက် အပြင်ထွက်သောက်စားလည်ပတ်ရင်း ပျောက်သွားတဲ့ဘောင်းဘီကို အင်တာနက်ကြောင့် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသတဲ့။
Ottawa မှ Andy Gaudry ဆိုသူဟာ Reddit ဆိုတဲ့ ၀က်ဘ်ဆိုဒ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ညက Halifax ရှိ သူ့ရဲ့အဘွားမွေ့နေ့ပွဲမှာ ပျောက်သွားတဲ့ ဘောင်းဘီတစ်ထည်ကို ကူုညီရှာဖွေပေးဖို့ ပိုစ့်တစ်ခုကို Share ခဲ့ပါသတဲ့။
“ ကျွန်တော် Marriott ဆိပ်ကမ်းရှေ့မှာနေရင်း အမူးလွန်သွားလို့ ဘောင်းဘီဘယ်လိုပျောက်သွားမှန်း မသိလိုက်ပါဘူး..ဟိုတယ်က လုံခြုံရေးတိပ်ကပ်ထားတဲ့ ဘောင်းဘီပါ..ကျွန်တော်ပြန်ရောက်တော့ ကျွန်တော့်မှာဘောင်းဘီမပါတော့ပါဘူး “ လို့ Gaudry က ရေးသားဖော်ပြထားပါတယ်။
Gaudry က သူ့ဘောင်းဘီဟာ Calvin Klien တံဆိပ်ဖြစ်ပြီး သူ့ရဲ့ ပိုက်ဆံအိတ်နဲ့ ဖုန်းလည်း ဘောင်းဘီအိတ်ထဲမှာ ပါသွားကြောင်း ပြောပြထားပါသေးတယ်။
Gaudry ဟာ သူ့ရဲ့ပျောက်သွားတဲ့ ဘောင်းဘီကို Twitter အသုံးပြုသူ Darlemer ဆိုသူက ဟိုတယ်ဝန်ထမ်းတစ်ဦးက Gaudry ရဲ့ ပျောက်သွားတဲ့ဘောင်းဘီနဲ့အတူ တစ်ခြားသူပိုင်ဆိုင်တဲ့အရာတွေကို ကိုင်ဆောင်ရိုက်ကူးထားတဲ့ ဓါတ်ပုံကို Share လိုက်ချိန်မှာတော့ ပြန်လည်တွေ့ရှိခဲ့ပါသတဲ့။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
0 comments:
Post a Comment