Powered by Blogger.

တစ်နှစ်ကို ခရမ်းချဉ်သီးအချဉ်ရည် ၃၆ လီတာခန့်အထိ သောက်သုံးခဲ့တဲ့ အမျိုးသမီး



 လန်ဒန်မြို့ ဟယ်ရိုးမြို့မှာနေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် Samantha Archer ဟာ ခရမ်းချဉ်သီးအချဉ်ရည်များကို စွဲလန်းနှစ်ကြိုက်မှုလွန်ကဲပြီးသူမ၅ နှစ်သမီးအရွယ်ကတည်းကတစ်ပတ်ကို၂ပုလင်းခန့်သောက်သုံးခဲ့တယ်လို့ သိရပါတယ်။

တစ်ပုလင်းဆိုတာဟာ ၇၀၀ ဂရမ် ပမာဏရှိပြီး တစ်နှစ်ကို ၃၆ လီတာခန့်အထိ သူမဟာ ခရမ်းချဉ်သီး အချဉ်ရည်တွေကို သောက်သုံးနေပါတယ်။ သူမဟာ အစာစားခါနီးတိုင်း ခရမ်းချဉ်သီး အချဉ်ရည် တွေ စားသုံးဖို့ ၅ မိနစ် ခန့် အချိန်ယူလေ့ရှိပြီး ပေါင်မုန့်၊ ချိစ် ၊ ကြက်ဥ နဲ့ ဟင်းပွဲတွေတိုင်းမှာ ခရမ်းချဉ်သီး အချဉ်ရည်တွေ ထည့်လေ့ရှိတယ်လို့လည်းသိရပါတယ်။

သူမရဲ့ မိသားစုကလည်း သူမရဲ့အကြောင်းကိုသိရှိပြီးဖြစ်တဲ့အတွက် ခရမ်းချဉ်သီး အချဉ်ရည် တစ်ပုလင်းကို သူမအတွက် အမြဲတမ်းဆောင်ထားလေ့ရှိတယ်လို့ သူမကဆိုပါတယ်။

သူမရဲ့ သူငယ်ချင်းတွေကလည်း သူမအကြိုက်ကို သိရှိပြီးဖြစ်တဲ့အတွက် သူမအတွက် အခက် အခဲမ ရှိပေ မယ့် လည်း သူမ အိမ်ထောင်ပြုတဲ့အခါမှာတော့ သူမရဲ့ အိမ်ထောင်ဖက်ကို ကြိုတင် အသိပေးထားရန်လိုအပ် လိမ့်မယ်လို့ သူမကိုသူမ ပြန်လည်သုံးသပ်ပြောဆိုခဲ့ပါသေးတယ်။


( Beauty Syh )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Guiness
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment