Powered by Blogger.

ဂရင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ နှာခေါင်းနဲ့ စာရိုက်နိုင်သူ အမျိုးသား


နှာခေါင်းနဲ့ စာရိုက်နိုင်သူ အမျိုးသားဟာ ကမ္ဘာ့အတော်ဆုံး ကွန်ပျူတာ လက်ကွက် ရိုက်နိုင်သူ အသစ် အဖြစ် စံချိန်တင်ခဲ့ပါတယ်။ အသက် ၂၃ နှစ် အရွယ် Mohammed Khursheed Hussain ဟာ သူ့ရဲ့ နှာခေါင်းကို အသုံးပြုပြီး စာလုံးရေ ၁၀၃ လုံးပါတဲ့ စာပိုဒ်တစ်ပိုဒ် ကို ၄၇.၄၄ စက္ကန့်အတွင်းမှာ ရိုက်ပြနိုင်ခဲ့ပါတယ်။

 သူ့ရဲ့ လက်တွေကိုတော့ ကျောနောက်ဘက် မှာ ကြိုးတုပ် ချည်နှောင်ထားပြီး နှာခေါင်းနဲ့သာ လက်ကွက် ကို ရိုက်နှိပ်နိုင်ခဲ့တဲ့ အတွက် ဂရင်းနစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ Hyderabad မြို့မှာနေထိုင် တဲ့ Mohammed ဟာ ပထမ အကြိမ် စာရိုက်ခြင်းမှာ စံချိန်တင်ခဲ့ဖူးပါတယ်။

အဲဒီ အကြိမ်တုန်းက သူဟာ အင်္ဂလိပ် အက္ခရာ များကို ၃.၄၃ စက္ကန့် အတွင်း သူ့ရဲ့ လက်ချောင်းများ နဲ့ ရိုက်နှိပ်ပြခဲ့ဖူးပြီး ယခုတစ်ကြိမ် ဟာ သူ့အတွက် ဒုတိယ အကြိမ် မြောက် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ သူဟာ နှာခေါင်းနဲ့ စာရိုက်နိုင်ဖို့ အတွက်  လေ့ကျင့်နေခဲ့တာ၃ နှစ်ရှိပြီဖြစ်ပြီး တစ်နေ့ကို၆နာရီကြာ   လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။


( Beauty Syh )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments: