Powered by Blogger.

ငါးပြားစေ့ထက်သေးငယ်တဲ့ ကမ္ဘာ့အသေးဆုံး ကြက်ဥ




အင်္ဂလန်နိုင်ငံက ကြက်ဥကောက်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ ကြက်ဥကောက်နေတဲ့ တစ်နေ့မှာ သာမန်ကြက်ဥတွေနဲ့မတူညီပဲ ကွဲပြားနေတဲ့ ကြက်ဥတစ်မျိုးကို တွေ့ခဲ့ရတာကြောင့် အံ့သြနေပါတယ်။

သူမရဲ့ ကြက်ခြံလေးထဲမှာ အခုလို အမှတ်မထင်တွေ့ရှိခဲ့ရတာဖြစ်ပြီး ကြက်ဥအဖြစ် အတည်ပြုနိုင်ဖို့အတွက်လည်း ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအဖွဲ့အစည်းက ဓာတ်ခွဲဆန်းစစ်မှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။




ဒီကြက်ဥဟာ ကမ္ဘာ့အသေးဆုံး ကြက်ဥအဖြစ် ဂင်းနစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဂျော်ဂျီယာခရောက်ခ်ျမန်အမည်ရ အသက် ၂၂ နှစ်အရွယ် ဗြိတိန်နိုင်ငံသူဟာ သူမမွေးမြူထားတဲ့ ကြက်ကောင်ရေ ၂၀ ထဲကနေ အခုလို အသေးဆုံးကြက်ဥကို ကောက်ယူရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရမ်းသေးငယ်တာကြောင့်လည်း အခွံတွေ ကွဲမသွားအောင် ဂရုတစ်စိုက်နဲ့ သေချာကိုင်တွယ်နေရပါတယ်။ ကြက်ဥရဲ့ အရှည်ဟာ ၁.၅၅ စင်တီမီတာသာ ရှည်လျားတာကြောင့် ကမ္ဘာ့အသေးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ အရင်နှစ်က ကမ္ဘာ့အသေးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကြက်ဥကတော့ အရှည် ၁.၈ စင်တီမီတာဖြစ်ပါတယ်။ သူမဟာ ဒီကြက်ဥကို ကောက်ရရချင်းမှာ ဘာလုပ်ရမှန်းမသိခဲ့တာကြောင့် ကြက်ဥကို ဆေးကြောခဲ့ပြီး ပြုတ်ထားခဲ့တယ်လို့ သိရပါတယ်။



၂၀၁၁ ခုနှစ်တုန်းကတော့ အရှည် ၂.၁ စင်တီမီတာရှည်လျားတဲ့ ကြက်ဥလေးကို ကမ္ဘာ့အသေးဆုံးကြက်ဥအဖြစ် မှတ်တမ်းထဲမှာ ထည့်သွင်းခဲ့ပြီးဖြစ်ပါတယ်။ အရင်နှစ်ကတော့ အရှည်၁.၈ စင်တီမီတာကို ကမ္ဘာ့အသေးဆုံးအဖြစ်သတ်မှတ်ခဲ့ပြီး ၊ အခုအချိန်မှာတော့ ဂျော်ဂျီယာရဲ့ ၁.၅၅ စင်တီမီတာသာ ရှည်လျားတဲ့ ကြက်ဥလေးက အသေးဆုံးဖြစ်သွားခဲ့ပါပြီ။ ဒါ့ကြောင့် တစ်ဖြည်းဖြည်းသေးငယ်လာတဲ့ ကြက်ဥအရွယ်အစားကရော ဘယ်အရွယ်အထိ သေးငယ်မှုတွေ ရှိလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment