အလယ်တန်းကျောင်းတစ်ကျောင်းမှာ ရေနေသတ္တ၀ါ ထိန်းသိမ်းရေးအဖွဲ့က 3D ပရင့်ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ဒဏ်ရာရှိထားတဲ့ ပင်ဂွင်းလေးကို အထူးပြုလုပ်ထားတဲ့ ခြေတုတပ်ဆင်ပေးခဲ့ကြပါတယ်။
Mystic Aquarium က ၂၃ နှစ်အရွယ် ပင်ဂွင်းလေးဖြစ်တဲ့ “ Purps the penguin “ လေးကို 3D ပရင့်ထုတ်ထားတဲ့ ခြေတုတပ်ဆင့်ပေးပုံ အဆင့်ဆင့်ကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကို ဖော်ပြထားခဲ့ပါတယ်။
အဖွဲ့ဝင်တွေဟာ Purp ရဲ့ ခြေထောက်ပုံကို စကန်ဖတ်ပြီး 3D Printing Software ကို အသုံးပြုကာ ပေါ့ပါးတဲ့ ခြေထောက်ပုံစံကို ထုတ်လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။
Mystic Middle School က ကျောင်းသားတွေကတော့ 3D Printing အလုပ်လုပ်ပုံအပြည့်အစုံကို လေ့လာခွင့်ရရှိခဲ့ကြပြီး Purps ကတော့ ပိုပြီးအဆင်ပြေပြေနဲ့ လှုပ်ရှားသွားလာနိုင်ခဲ့ပါတယ်။
“ ခြေတုအဟောင်းကို ချွတ်ပြီး အသစ်တပ်ပေးလိုက်ပြီးပြီးချင်းမှာပဲ Purp ဟာ ပိုပြီးအဆင်ပြေပြေနဲ့ လမ်းလျှောက်သွားခဲ့ပြီး သာမန်ပင်ဂွင်းတွေ လမ်းလျှောက်တဲ့အတိုင်း လျှောက်သွားနိုင်ခဲ့ပါတယ် “ လို့ Dr. Jen Flower က ပြောကြားထားပါတယ်။
( Michelle )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref :UPI
0 comments:
Post a Comment