Powered by Blogger.

အရေပြားဆိုင်ရာ ကျွမ်းကျင်ပညာရှင်က ၀က်ခြံဖုပုံစံ ကိတ်မုန့်ဒီဇိုင်းထုတ်လုပ် ရောင်းချ


ကယ်လီဖိုးနီးယားမှ အရေပြားအထူးကုတစ်ဦးဟာ သူ့ရဲ့ကျွမ်းကျင်မှုတွေကို အထိမ်းအမှတ်အနေနဲ့ ၀က်ခြံဖုပုံစံ ကိတ်မုန့်ဒီဇိုင်းထုတ်လုပ် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

Dr.Pimple Popper လို လူသိများတဲ့ Dr.Sandra Lee ဟာ မှည့်ဝင်းနေတဲ့ ၀က်ခြံဖုကနေ ၀တ်ဆံထွက်လာတဲ့ ပုံစံပြုလုပ်ထားတဲ့ ကိတ်မုန့်ပုံစံတွေကို ဗီဒီယိုရိုက်ကူးပြသထားခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ ၀က်ခြံမှည့်ရာကနေ ၀တ်ဆံထုတ်တဲ့အတိုင်း ကိတ်မုန့်ထဲက ခရင်မ်အနှစ်တွေကို ညှစ်ထုတ်လို့ရတဲ့ ပုံစံပြုလုပ်ထားပါတယ်။

Lee ကတော့ မုန့်လေးတွေက စားချင်စဖွယ်ဖြစ်ပြီး မေတ္တာအပြည့်နဲ့ ပြုလုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

( Michelle )



#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment