Powered by Blogger.

အမျိုးသားတစ်ဦးက ရဲကင်းလှည့်ကားကို Batman အမှတ်တံဆိပ်နဲ့ စနောက်ပစ်ခတ်ခဲ့


Seattle ရဲဌာနအဆိုအရ လူတစ်ယောက်က Batman အမှတ်တံဆိပ်ပုံစံ လက်နှက်ပုန်းပုံစံ ပြုလုပ်ပြီး ရဲကားကို ပစ်ခတ်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းထားပါသတဲ့။

တနင်္လာနေ့ ညနေ ၆ နာရီခွဲခန့်မှာ အိမ်လုပ်လက်နက်ပုန်း ပုံစံငယ်တစ်ခုနဲ့ ရဲကားကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဖမ်းဆီးခဲ့ကြောင်း Seattle ရဲဌာနမှ တာဝန်ခံအရာရှိက သတင်းထုတ်ပြန်ပါတယ်။

ရဲတွေဟာ ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြပြီး Batman စတိုင် ချွန်ထက်ပြတ်ရှတဲ့ လက်နက်ပုန်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူပစ်ခဲ့တဲ့ လက်နက်ပျံကတော့ ရဲကားရဲ့ အောက်ခြေဘက်မှာ စူးဝင်နေခဲ့တာဖြစ်ပါတယ်။

King County အကျဉ်းထောင်မှာ ဆိုးသွမ်းရမ်းကားပြစ်မှုနဲ့ ထောင်ဒဏ်ကျခံရမှာဖြစ်ပြီး ရဲတွေကတော့ နောက်ထပ်ရှိနေနိုင်သေးတဲ့ လက်နက်ပစ္စည်းတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment