Powered by Blogger.

Louisiana Yacht Club ကားပါးကင်မှာ မိကျောင်းတစ်ကောင် တွေ့ရှိ


Louisiana ရှိ သားရဲထိန်းသိမ်းရေးအဖွဲနဲ့ ရဲတွေပူးပေါင်းပြီး ဆိပ်ကမ်းအနီးအနားမှာ မကြာခဏတွေ့နေရတဲ့ မိကျောင်းကြီးတစ်ကောင်ကို ပြန်လည်နေရာချထားပေးခဲ့ကြရပါတယ်။

Pontchartrain Yacht Club ရဲ့ ကားပါကင်မှာ တွားသွားနေတဲ့ မိကျောင်းကြီးရဲ့ ဓါတ်ပုံတွေကို ရဲဌာနက ဖော်ပြထားခဲ့ပါတယ်။

သားရဲထိန်းသိမ်းရေးအဖွဲ့ရဲ့ အကူအညီနဲ့ ရဲအရာရှိတွေက မိကျောင်းကြီးကို ဖမ်းဆီးခဲ့ကြပါတယ်။ အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ မိကျောင်းကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ပြန်ပို့ပေးထားလိုက်ပါပြီ လို့လည်း ရေးသားဖော်ပြထားပါတယ်။

ဒေသခံတွေကိုတော့ မိကျောင်တွေကို အစာမကျွေးဖို့နဲ့ တွေ့ရှိပါကလည်း အကြောင်းကြားပေးဖို့ ရဲအရာရှိတွေက သတိပေးထားပါသေးတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI




Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment