Powered by Blogger.

အပန်းဖြေနေတဲ့ရဲကိုမှ သွားပြီးခါးပိုက်နှိုက်ဖို့ ကြိုးစားတဲ့အချောင်သမား ဆွမ်းကြီးလောင်းခံလိုက်ရ


ရေကူးဝတ်စုံနဲ့ အားလပ်ချိန်မှာ အပန်းဖြေနေတဲ့ ဆွီဒင်နိုင်ငံသူ ရဲအရာရှိကတော့ နားရက်မှာလည်း မနားရဘဲ လူဆိုးဖမ်းနေရတုန်းပါပဲ။ သူငယ်ချင်းတွေနဲ့အတူ နေပူစာလာလှုံနေတာကို ခါးပိုက်နှိုက်တစ်ယောက်က ပစ္စည်းတွေကို အလစ်သုတ်သွားတာကြောင့် သူရဲ့လက်စွမ်းပြပြီး ဖမ်းဆီးလိုက်ရပါတယ်။ ၁၁ နှစ်ကျော်ကြာ ရဲအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူ Mikaela Kellner က ရေကူးဝတ်စုံနဲ့ သူကိုယ်တိုင် ဖမ်းဆီးနေပုံကို ဖော်ပြထားခဲ့ပါတယ်။

The Local ကို သူပြောခဲ့တာကတော့ လူတစ်ယောက်က သူတို့သူငယ်ချင်းတွေနားကို ရောက်လာပြီး အိမ်ခြေယာမဲ့သူတွေအတွက် ရန်ပုံငွေအတွက် မဂ္ဂဇင်းလာရောင်းခဲ့ပြီး အချိန်အတော်ကြာထိ အနားမှာ ယောင်လည်လည်နေတဲ့ အတွက် သင်္ကာမကင်းခဲ့ဘူးလို့ ဆိုပါတယ်။

 “ကျွန်မ သူငယ်ချင်းတွေကို ပစ္စည်းတွေကို ဂရုစိုက်ဖို့ ပြောခဲ့ပါတယ်။ မကြာပါဘူး အဲဒီလူ ထွက်သွားပြီးတဲ့နောက် သူငယ်ချင်းတစ်ယောက်က ငါ့ဖုန်းဘယ်ရောက်သွားပါလိမ့်လို့ အော်တော့တာပဲ” လို့ သူက ဆိုပါတယ်။

Kellner က ချက်ချင်းပဲ ခုန်ထလိုက်ပြီး  ပေ ၅၀ လောက်အကွာကို ရောက်နေတဲ့ အဲဒီလူနောက်ကို လိုက်သွားပြီး မြေပေါ်ကို လဲကျသွားအောင် ခုန်အုပ်ဖမ်းလိုက်တာပါတယ်။ ကျွန်မလည်း ချက်ချင်းထပြီး လိုက်ဖမ်းလိုက်တာပါပဲ။ ရဲမဟုတ်တဲ့ ကျွန်မသူငယ်ချင်းနှစ်ယောက်ကို ပြန်လှည့်ကြည့်မိမှပဲ ကျွန်မက နည်းနည်းရယ်စရာဖြစ်နေမယ်လို့ သဘောပေါက်လိုက်မိတယ်လို့လည်း ဆိုပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment