Powered by Blogger.

ခြောက်သွေ့ပူပြင်းတဲ့ ရာသီဥတုကြောင့် New York ရှိ မြင်းချေးများ မီးထလောင်


ပတ်ဝန်းကျင်ရေးရာ အာဏာပိုင်တွေအဆိုအရ ခြောက်သွေ့ပူပြင်းတဲ့ ရာသီဥတုအခြေအနေတွေကြောင့် မြင်းချေးပုံတွေဟာ မီးစွဲလောင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

မြင်းချေးပုံတွေ စုထားရာနေရာကနေ မီးစွဲလောင်နေတာကြောင့် ညှော်နံ့တွေရကြောင်း ဆက်သွယ်တိုင်ကြားတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အရာရှိတွေအနေနဲ့ မြင်းဇောင်းပိုင်ရှင်တွေဟာ မြင်းချေးတွေကို အများအပြားစုံပုံ ထားခဲ့ကြတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ပိုင်ရှင်တွေအဆိုအရ မီးထမလောင်ခင်ကတော့ မီးခိုးနံ့၊ ညှော်နံ့တွေ ရလေ့ရှိပေမယ့် အိမ်နီးနားချင်းတွေ ဆီကလို့ ထင်တာကြောင့် သတိမထားမိခဲ့ကြောင်း ဆိုကြပါတယ်။

 “ မီးတောက်တွေက သစ်ဆွေးတွေ၊ ခြုံပုတ်တွေဆီကို ကူးစက်သွားလို့ မီးသတ်ဌာန သုံးခုအကူအညီယူခဲ့ရပြီး ၂ နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရပါတယ်။ မြင်းဇောင်းပိုင်ရှင်တွေကိုလည်း မြင်းချေးအမြောက်အမြား စုပုံထားခြင်းကို ချက်ချင်းစစ်ဆေးဖို့ အကြံပေးထားပါတယ်” လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment