Powered by Blogger.

နယူးယောက်မှာရှိနေတဲ့ Corpse Flower အမည်ရှိပန်းပွင့်ကြီး ထပ်မံပန်းပွင့်လာခဲ့


ဒီတစ်ပတ်မှာတော့ New York ရုက္ခဗေဒဥယျာဉ်ရှိ corpse flower ကြီးမှာ ပထမဆုံးအကြိမ်ပန်းပွင့်ပြီးနောက် ဆယ်စုနှစ်ပေါင်း ၈ စုနီးပါးအကြာမှာ ထပ်မံ ပန်းပွင့်ခဲ့တာဖြစ်ပါတယ်။

 “ ဒီရှားပါးပန်းတွေက ဘယ်အချိန်မှာပဲ ပွင့်ပွင့် အနံ့ကတော့ ခပ်ပြင်းပြင်းပါပဲ။ ခုပွင့်နေတဲ့ ပန်းပွင့်ကြီးရဲ့ ပွင့်ဖတ်ပတ်လည် အတိုင်းအတာကိုတော့ မခန့်မှန်းနိုင်ပါဘူး..ကမ္ဘာ့အကြီးဆုံး ပန်းပွင့်တွေထဲက မျိုးစိတ်ဖြစ်ပါတယ်။ ပန်းပွင့်ပြီး ၂၄ နာရီကနေ ၃၆ နာရီအတွင်းမှာတော့ အနံ့က အပြင်းဆုံးပါပဲ…အနံ့ကတော့ အသားပုတ်နံ့လိုဖြစ်တာကြောင့် အလောင်းကောင်ပန်းပွင့်လို့ လူသိများတာဖြစ်ပါတယ်။

 မူရင်းဒေသကတော့ အင်ဒိုနီးရှား စူမားတြားကဖြစ်ပြီး  ၁၉၃၇ ခုနှစ်က တစ်ကြိမ် ပန်းပွင့်ပြီး နှစ်ပေါင်း ၈၀ အကြာ ဂျူလိုင် ၂၈ ရက်၊ ကြာသာပတေးနေ့က ထပ်မံပွင့်ခဲ့တာ ဖြစ်ပါတယ် “ လို့ ဥယျာဉ်က ကြေညာထားပါတယ်။

ဒီပန်းပင်ဟာ သဘာဝအရ ၁၂ ပေအမြင့်အထိ မြင့်မားကြီးထွားနိုင်ပြီး စိုက်ပျိုးပြုစုထားတာဆိုရင်တော့ ၆ပေကနေ ၈ပေအထိမြင့်ပါတယ်။ ပန်းပင်ပျိုတစ်ပင် ပန်းပွင့်ဖို့အတွက် ၇ နှစ်ကနေ ၁၀ နှစ်အထိ အချိန်ယူရကြောင်း ဥယျာဉ်က ရှင်းလင်းပြောကြားထားပါတယ်။

 “ကျွန်တော်တို့ရဲ့ Corpse Flower ကြီးတော့ ပွင့်နေပါပြီ..ည ၈နာရီအထိ လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ” လို့ NY Botanical Garden ရဲ့Twitter အကောင့်မှာ ရေးသားဖော်ပြထားပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment