Powered by Blogger.

ဆိတ်လှည်းဆွဲဖို့အတွက် Lamborghini ကားကို အသုံးပြုသူ နာမည်ကြီးနေ


ဗြိတိန်က ကားလမ်းမပေါ်မှာတော့ ကားတစ်စီးက ဝင့်ဝင့်ထည်ထည်ကြီး တည်ရှိနေပါတယ်။ ဒီကားကတော့ ပေါင်တစ်သိန်းခွဲတန် Lamborghini Murcielago ပြိုင်ကားဖြစ်ပြီး သူ့ရဲ့နောက်မှာ တစ်ဆက်တည်းပါဝင်လာတဲ့ အရာကြောင့် လူတိုင်းက ရယ်နေကြပါတယ်။

ဆိတ်တွေကို တင်ဆောင်လာတဲ့ နောက်တွဲလှည်းတစ်ခုဖြစ်ပြီး Lambo နဲ့ ချိတ်ဆက်ကာ လမ်းမပေါ်တစ်လျှောက် မောင်းနှင်နေတာဖြစ်ပါတယ်။


ပဲဟဲဟဲ အသံပေးနေတဲ့ ဆိတ်တွေရဲ့ အော်သံနဲ့အတူ Lamborghini ကားကြီးကလည်း အမိုက်စားသွားလာနေပါတယ်။

ကြည့်ရတာ လမိုင်းမကပ်ပေမယ့်လည်း Youtube မှာတော့ ကြည့်ရှုမှုများပြားလျက်ရှိတဲ့ ဗီဒီယိုဖြစ်နေပြီး ကြည့်ရှုသူတစ်ယောက်ကတော့ “ဘာလဲ. ဒါက ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဖြစ်နိုင်တာပဲလေ။ ပြောပါအုံး မဖြစ်နုင်ဘူးဆိုတဲ့ အကြောင်းရင်းလေး” လို့ မှတ်ချက်ပြုရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။



( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment