Powered by Blogger.

ပိုက်ဆံမကုန်ဘဲ ပိန်နေတဲ့ ကား bumper ကို အကောင်းပကတိပြန်ဖြစ်အောင်လုပ်နည်း


ကယ်ရိုလိုင်းနားက သမီးရည်းစားနှစ်ယောက်ကတော့ တိုက်ထားလို့ ပိန်လိမ်နေတဲ့ ကား bumper ကို ပိုက်ဆံလုံးဝမကုန် ၊ တစ်ချက်ကလေးတောင် မထိမကိုင်ရဘဲ ပြန်လည်ပြင်ဆင်နိုင်တဲ့ နည်းလမ်းကောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်မိထားတဲ့ ကားရဲ့ နောက် bumper ကို ပြင်ဆင်ဖို့အတွက် ဝပ်ရှော့ကို သွားခါနီးမှာ အခုလိုပဲ နည်းလမ်းကောင်းကို တွေ့ရှိခဲ့တာပါ။

“ကောင်မလေးရဲ့ ကားက တိုက်မိထားလို့ ကျွန်တော်လည်း သူ့ကားကို သူ့ခြံဝန်းထဲမှာ ရပ်ပေးခဲ့တယ်။ အဲ့နေ့က နေသာနေတယ်။ နောက်တစ်နေ့မှ သွားပြင်မယ်ဆိုပြီး သူရောကျွန်တော်ရော ဆုံးဖြတ်ခဲ့တယ်။ ကားကို နေပူထဲမှာ ဒီအတိုင်းလေးပဲ ရပ်ထားခဲ့တာ။ အချိန်ကြာလာတော့ နေပူရှိန်ကြောင့် ကား bumper ပြန်ဖောင်းလာပြီး အကောင်းပကတိ ဖြစ်သွားတော့တာပဲ” လို့ ထူးခြားတဲ့အဖြစ်အပျက်ကို ပုံနဲ့တကွ facebook စာမျက်နှာမှာတင်ထားခဲ့တာပါ။

ဒါ့ကြောင့် ကိုယ့်ကားပိန်သွားတဲ့ တိုက်မိရင်လည်း နေပူထဲမှာ တစ်ရက်လောက်ရပ်ထားကြည့်လိုက်ပါ။ ကံကောင်းရင် ပြန်ကောင်းမှာပါ။ အကုန်အကျသက်သာနိုင်ပါတယ်။ တစ်ကယ့်နည်းလမ်းကောင်းတစ်ခုပါပဲ။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment