Powered by Blogger.

ဆယ်ကျော်သက်ကောင်လေးက ဖခင်ရဲ့ကူညီမှုနဲ့ ပေါင် ၂၅၀ အလေးချိန်ရှိ ငါးမန်းတစ်ကောင်ကိုဖမ်းနိုင်ခဲ့


New Jersey ကမ်းခြေမှာ ငါးမြှားထွက်တဲ့ ၁၃ နှစ်သားကောင်လေးတစ်ယောက်ရဲ့ ငါးမြှားချိတ်မှာ ပေါင် ၂၅၀ အလေးချိန်ရှိ ငါးမန်းတစ်ကောင် ငြိနေတာဖြစ်ပါတယ်။

Gianni Mandile, 13 နှစ်ဟာ ဖခင်ဖြစ်သူနဲ့ တနင်္ဂနွေနေ့မနက်ပိုင်း သူ့ငါးမျှားချိတ်မှာ ငါးမန်းတစ်ကောင် ချိတ်မိနေတာကို သိရှိသွားတာ ဖြစ်ပါတယ်။

“ငါးမျှားချိတ် ရစ်လုံးကိုပြန်ဆွဲတင်လိုက်တဲ့အခါ တော်တော်ကြီးတဲ့ငါး ဖြစ်မယ်လို့ မထင်ရဘူး။ ကမ်းခြေဘက်ကို ဆွဲလာခဲ့ပြီးတော့မှ တစ်ခုခု ထူးခြားနေတယ်ဆိုတာ သိလိုက်ရတယ်” လို့ ကောင်လေးက Cable Network News 12 ကို ပြောပြထားပါတယ်။

ကောင်လေးရဲ့ ဖခင်ဖြစ်သူ Joseph Mandile က အစပိုင်းမှာတော့ သူ့သား ခန့်မှန်းတာ မဖြစ်နိုင်ဘူးလို့ ဆိုပေမယ့် နောက်ဆုံးမှာတော့ အကောင်အကြီးကြီးဖြစ်နေတာကို တွေ့ခဲ့ရတယ်လိုပ ဆိုပါတယ်။

သားအဖနှစ်ယောက်က ငါးမန်းကို ကမ်းပေါ်အထိ ဆွဲတင်လာခဲ့ကြပုံ ဗီဒီယိုရိုက်ကူးပြီး ဖေ့ဘွတ်မှာ တင်ခဲ့ကြပါတယ်။
သူတို့ ၂ ဦးဟာ ဓါတ်ပုံရိုက်ပြီးတဲ့နောက်မှာတော့ ငါးမန်းကြီးကို လွှတ်ပေးခဲ့ကြပါသတဲ့။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)


Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment