Powered by Blogger.

အနောက်ဗာဂျီးနီးယားမှာ ခွေးလေးတွေမောင်းလာတဲ့ကားက အရှိန်လွန်ပြီး ဈေးဆိုင်ကိုဝင်တိုက်


အနောက်ဗာဂျီးနီးယားက ၀န်ထမ်းတစ်ဦးက သူတို့ဈေးဆိုင်ရဲ့ ကားပါကင်ဆီကို ကားတစ်စီမောင်းဝင်လာတာကို တွေခဲ့ရပြီး အဆောက်အဦကို ကားနဲ့ဝင်တိုက်မိတော့မှ ကားမောင်းလာသူဟာ လိုင်စင်မရှိတဲ့ ခွေးကလေးဖြစ်နေတာကို သိခဲ့ရပါသတဲ့။

မျက်မြင်သက်သေအဆိုအရ ပြီးခဲ့တဲ့သောကြာနေ့က ကားပါကင်နေရကနေ ထွက်လာပြီး သူ့ဆီကို တဖြည်းဖြည်းချင်း လိမ့်လာတဲ့ ကားကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့အထင် ကားမောင်းသူက သူ့ကို စချင်နောက်ချင်လို့ ဒီလိုမောင်းနေတယ်လို့ ထင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အနားကိုရောက်လာချိန်မှာတော့ ကားမောင်းသူထိုင်ခုံမှာ ထိုင်နေတဲ့ ခွေးလေးတစ်ကောင်ကို တွေ့ခဲ့ရပါသတဲ့။
ကားက စတိုးဆိုင်ကို အရှိန်နည်းနည်းနဲ့ ၀င်တိုက်မိပြီး ရပ်တန့်သွားခဲ့ပါတယ်။

ကားတိုက်ရပ်တန့်သွားပြီးတဲ့အခါ နောက်ခွေးလေးတစ်ကောင်ကတော့ ဘေးမှာထိုင်နေတာဖြစ်ပြီး အပြင်ထွက်လို့ရအောင် ကားမှန်တွေကို ဖွင့်ချခဲ့တယ်လို့ သူကဆိုပါတယ်။

ဝန်ထမ်းတစ်ဦးအဆိုအရ ကားကတော့ အပျက်အစီးရှိပေမယ့် အဆောက်အဦကတော့ အပျက်အစီး နည်းပါးပါတယ်။ ခွေးကလေးတွေမှာလည်း ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)


Ref : UPI



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment