Powered by Blogger.

ကိုယ်ဝန်ဆောင် ဗြိတိန်အမျိုးသမီးက တိုင်ပတ်အက ကပြ


ဗြိတိန်နိုင်ငံမှ အားကစားသမား တစ်ဦးက သူ့ရဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ တိုင်ပတ် ကပြရတဲ့အက ကနေပုံ ဗီဒီယိုကို ဖော်ပြထားခဲ့ပါတယ်။

Nottingham, England ရှိ PoleKat Fitness ပိုင်ရှင်ဖြစ်သူ Kat Bailey ဟာ ကလေးမွေးဖွားဖို့ ဆေးရုံမသွားခင် နောက်ဆုံးအနေနဲ့ ကပြဖျော်ဖြေသွားပုံကို တနင်္ဂနွေနေ့က ရိုက်ကူးဖော်ပြထားခဲ့တာဖြစ်ပါတယ်။

 “ မကြာခင် ကျွန်မ ရင်သွေးလေး မွေးဖွားတော့မှာ ဖြစ်ပါတယ်။ ဆေးရုံမသွားခင် မွေးဖွားဖို့ ညှစ်အားအတွက် ကြွက်သားတွေ မသုံးခင်လေး က သွားလိုက်ပါဦးမယ် “ လို့လည်း စာရေးထားပါသေးတယ်။

ဒီလို မွေးခါနီးဖွားခါနီး မိခင်လောင်းကို ကြည့်ရတာတော့ သူ့ရဲ့အင်အားနဲ့ ပျော့ပျောင်းမှုအတွက် အနှောင့်အယှက် ရှိပုံမပေါ်ဘဲ ကပြသွားနိုင်ခဲ့ပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment