Powered by Blogger.

New Orleans ပန်းခြံမှာ 'Pokemon Go' Pikachu ရုပ်တုထားရှိ


New Orleans ရှိ ပန်းခြံထဲမှာ Pokemon ဇာတ်ကောင်ဖြစ်တဲ့ Pikachu ပုံ ရုပ်တုတစ်ခု ထားရှိခဲ့ကြပါသတဲ့။

Coliseum Square Park မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမည်မသိတဲ့ ပန်းပုပညာရှင်တစ်ဦးက Pikachu ရုပ်တုကို လာထားသွားခဲ့တယ်လို့ ဆိုပါတယ်။ Fiberglass နဲ့ ပြုလုပ်ထားပေမယ့် ကြေးနီနဲ့သွန်းလုပ်ထားသယောင် ဒီဇိုင်းဖြစ်ပါတယ်။

Pokemon Go ဆော့သူတွေအဆိုအရ ဒီရုပ်တုဟာ စမတ်ဖုန်းနဲ့ ရှာဆော့ရတဲ့ Pokemon ရုပ် ရှိတဲ့နေရာတည့်တည့်မှာ ချထားတာလို့ သိရပါတယ်။

ကျွန်တော်တို့ဆီမှာ ရုပ်တုအသစ်တစ်ခု ရှိနေပါတယ်.. ဘယ်လောက် ကြာကြာရှိနေမလဲ ဆိုတာတော့ မသေချာပါဘူး လို့ စာရေးသားထားပြီး ရုပ်တုပုံကိုလည်း Coliseum Square Association ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment