Powered by Blogger.

Illinois သွားဆရာဝန် ပျောက်သွားတဲ့ ကိရိယာကို လူနာရဲ့ အစာအိမ်တွင်းမှာ ပြန်တွေ့ရှိ


သွားဆရာဝန်ရဲ့ ကိရိယာကို ရက်အနည်းငယ်အကြာမှာ လူနာရဲ့ ခန္ဓာကိုယ်တွင်းမှာ ပြန်တွေ့ခဲ့တာကြောင့် အဲဒီလူနာဟာ လျော်ကြေးငွေ ဒေါ်လာ ၆၇၅၀၀၀ ရရှိခဲ့ပါတယ်။

Janus Pawlowicz ဆိုသူဟာ သူ့ရဲ့ပင်တိုင်သွားဆရာဝန်ဖြစ်သူ Dr. Beata Kozar-Warchalowska ဆီကို သွားရောက်ပြသခဲ့ပြီး ကုသမှုပြုလုပ်ပြီးချိန်မှာတော့ ဆရာဝန်က သူ့ရဲ့ကိရိယာတစ်ခု ပျောက်သွားကြောင်း သူ့ကိုပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ဆရာဝန်က ကုသမှုပြုလုပ်ပေးနေစဉ် ကိရိယာတစ်ခု ပျောက်သွားတယ် ဘယ်ရောက်သွားလဲမသိလို့ အခန်းထဲမှာ ပတ်ရှာနေခဲ့ပေမယ့် မတွေ့ခဲ့ရပါဘူး လို့ Pawlowicz ရဲ့ အကျိုးဆောင်ရှေ့နေဖြစ်သူ Rob Kohen က WLS-TV ကို ပြောပြထားပါတယ်။

ပြန်ရှာတွေ့ရင် ကျွန်တော့်ကို ဖုန်းခေါ်လိုက်မယ်လို့ ဆရာဝန်က ပြောပါတယ် လို့ Pawlowicz က ပြောပါတယ်။
ဒါပေမယ့် ဒီလိုဖုန်းခေါ်ဆိုမှုကို မရရှိခဲ့ဘဲ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ ဗိုက်ထဲက စူးစူးရှရှ နာကြင်လာတာကြောင့် ဆေးရုံတက်ခဲ့ရပါသတဲ့။

ဆေးရုံကဆရာဝန်တွေကတော့ သွားဆရာဝန်ပျောက်ခဲ့တဲ့ ကိရိယာဟာ Pawlowicz ရဲ့ လည်ချောင်းထဲကို ကျသွားပြီး အစာအိမ်ထဲကို ရောက်သွားတာဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အရေးပေါ်ခွဲစိတ်ကုသမှု ပြုလုပ်ပြီး ဒီကိရိယာကို ဖယ်ရှားပေးခဲ့ရပါသတဲ့။
 “နှစ်ပေါင်းများစွာ ကုသမှုခံယူခဲ့တဲ့ ပင်တိုင်ဆရာဝန်နဲ့ ဒီလိုအဖြစ်အပျက်မျိုး ကြုံရမယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ဒီလို သွားကုသမှုကိရိယာ အသေးလေးက ကျွန်တော့်ဘ၀ကိုတောင် ထိခိုက်စေနိုင်ပါတယ်” လို့ သူကဆိုပါတယ်။ နစ်နာကြေးငွေအနေနဲ့ သွားဆရာဝန် Kozar-Warchalowska ထံမှ ဒေါ်လာ ၆၇၅၀၀၀ ရရှိခဲ့ပါတယ်။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment