Powered by Blogger.

Canada က ကမ္ဘာလှည့်ခရီးသည်အပြည့်တင်ထားတဲ့ မော်တော်ဘုတ်နားထိရောက်လာတဲ့ ဝေလငါးကြီး


ဝေလငါးလှည့်လည်ကြည့်ရှုဖို့ လာတဲ့ ခရီးသည်အပြည့်တင်ဆောင်ထားတဲ့ မော်တော်ဘုတ်နားကို ဝေလငါးဧရာမကြီးတစ်ကောင် ချည်းကပ်လာခဲ့ပါတယ်။

ပြင်သစ်ကနေ ကနေဒါကို အလည်ရောက်နေတဲ့ Eric Mouellic ဆိုသူက တိုးရစ်မော်တော်ဘုတ်နားထိ ချည်းကပ်လာတဲ့ ဝေလငါးကြီးကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုကို တင်ထားခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ ဝေလငါးကြီးဟာ သူ့ခန္ဓာကိုယ်ကြီးနဲ့ မော်တော်ကို တွန်းထိုးစနောက်နေပြီး လိုက်ပါလာတဲ့ ခရီးသည်တွေကလည်း ပျော်ရွှင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

အရမ်းမိုက်ပါတယ်..တကယ်တော့ ဝေလငါးကြီး ၂ ကောင်ပါ..တစ်ကောင်ကတော့ မော်တော်ဘုတ်ကို မထိပဲ ကျော်ပြီး ရေကူးသွားခဲ့တာပါ လို့ Mouellic က CBC ကို ပြောပြခဲ့ပါတယ်။





( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment