Powered by Blogger.

ကမ္ဘာ့စံချိန်တင်နိုင်ဖို့ စက်ရုပ်ပေါင်း ၁၀၀၀ ကျော် စုပေါင်းကပြခဲ့ကြ


တရုတ်နိုင်ငံမှာ စက်ရုပ်ငယ်စုစုပေါင်း ၁၀၀၇ ခု ပေါင်းစည်းပြီး ကပြဖျော်ဖြေကာ ဂင်းနစ်စံချိန်တင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
Qingdao, Huangdao ဒေသရှိ 2016 Qingdao International Beer Festival ရဲ့ အစီစဉ်တစ်ခုအဖြစ် ၁၇.၂ လက်မမြင့်တဲ့ စက်ရုပ်ပေါင်း ၁၀၀၇  ခုကို စုပေါင်းကပြစေခဲ့တာ ဖြစ်ပါတယ်။

Guinness World Records က တရုတ်ပြည် Shenzhen မှာ ဖေဖော်ဝါရီလက ကပြခဲ့ကြတဲ့ စက်ရုပ်ပေါင်း ၅၄၀ နဲ့ ဖျော်ဖြေပွဲကို မှတ်တမ်းတင်အသိမှတ်ပြုခဲ့ဖူးပါတယ်။

မှတ်တမ်းတင်ခံရဖို့အတွက် စက်ရုပ်တစ်ရုပ်မှ လဲကျခြင်း၊ ရပ်တန့်ခြင်း မရှိစေရအောင် ကြိုးစားခဲ့ကြရတာဖြစ်ကြောင်း Guinness မှတ်တမ်းစံချိန်အကဲဖြတ် ဒိုင်ဖြစ်သူ Wu Xiaohong က ဆိုပါတယ်။


( Michelle )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment